ရပ်ရှ်ဖို့ဒ်ကို ဘာကြောင့် နှစ်သက်မိလဲ အသိပေး ပြောဆိုလိုက်တဲ့ နည်းပြ Erik Ten Hag

မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟတ်ဂ် က ရီးရဲလ် ဘက်တစ် နဲ့ ပွဲစဥ်မှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူခဲ့တဲ့ ရပ်ရှ်ဖို့ဒ် နဲ့ ပတ်သက်ပြီး ဖွင်ဟ ပြောကြားမှု ပြုလုပ်ခဲ့ပါတယ်။




Manchester United ဟာ မနေ့ညက စပိန်မြေမှာ ယူရို ပါလိဂ် ပြိုင်ပွဲရဲ့ 16 သင်းရှုံးထွက် အဆင့် ဒုတိိယ အကျော့ ပွဲစဥ်ကို ရီးရဲလ် ဘက်တစ် နဲ့ ရင််ဆိုင် ကစားခဲ့ပြီး 0-1 နဲ့ အနိုင် ရရှိခဲ့ပြီး အနားယူဖို့ လိုအပ်နေတဲ့




ကစားသမား တွေကိုလည်း အနားပေး နိုင်ခဲ့ပါတယ်၊အဆိုပါ ပွဲစဥ်မှာ မားကပ်စ် ရပ်ရှ်ဖို့ဒ် က ဒုတိယပိုင်းမှာ အခွင့်အရေး နှစ်ကြိမ်ဆက် ရရှိခဲ့ပေမယ့် ဖြုန်းတီးခဲ့မိပါတယ်၊ ဒါပေမဲ့ မိနစ်ပိုင်း အကြာမှာ အနိုင်ဂိုး




ရယူ ပေးနိုင်ခဲ့ပါတယ်၊ ပွဲစဥ်အပြီးမှာ နည်းပြချုပ် Erik Ten Hag က အခွင့်အရေးတွေကို အသုံးမချ နိုင်ခဲ့ပေမယ့် ကြိုးစားလိုစိတ် ရှိနေခဲ့ပြီး အနိုင်ဂိုး ရဖို့ စွမ််းဆောင် ပေးခဲ့တာကြောင့် ရပ်ရှ်ဖို့ဒ် ရဲ့ စိတ်ဓါတ် ခံယူချက်ကို




ချီးကျူး ပြောဆိုလိုက်တာ ဖြစ်ပါတယ်၊ အသင်းက အခွင့်အရေး အနည်းငယ် ဖန်တီးနိုင်ခဲ့တယ်၊ ရပ်ရှ်ဖို့ဒ် ဂိုးမသွင်းခင်က အခွင့်အရေး အချို့ ရခဲ့တယ်၊ လွဲချော်ခဲ့တယ်၊ ယုံကြည်မှုနဲ့ သူ ဆက်ပြီး ကြိုးစားခဲ့တယ်၊ ဒါကို နှစ်သက်မိပါတယ်။




စိတ်ဓါတ် က အရေးကြီးပါတယ်၊ အခွင့်အရေး တိုင်းကို ဂိုးဖြစ်ဖို့ ပြောင်းလဲနိုင်မှာ မဟုတ််ဘူး ဆိုတာ တိုက်စစ်မှူးတိုင်း သိတယ်၊ ဒီအဆင့်မျိုးက အခွင့်အရေး 5 ကြိမ် 6 ကြိမ် ရမှ တစ်ဂိုး နှစ်ဂိုးလောက် သွင်းယူနိုင်မှာပါ၊ အခုဟာက အသင််းရဲ့




စွမ်းဆောင်ရည် ကြိုးစားလိုမှု ကောင်းမွန်တယ် ဆိုတာ ဖော်ပြခဲ့ သလိုပါပဲ၊ ပြီးတော့ သူဘာလဲ ဆိုတာ ပေါ်လွင် စေခဲ့တယ်။ အကယ်လို့ သူ ဆက်လက် အာရုံစိုက်မယ်၊ energy ပြည့်နေဦးမယ် ဆိုရင် ဂိုးတွေ ထပ်မံ သွင်းယူနိုင်မှာ အသေအချာပါပဲ။ လို့ ပြောကြားခဲ့ပါတယ်။

credit