ယူရိုပါလိဂ် 6 ကြိမ် ချန်ပီယံကို သမိုင်းကြွေး ဆပ်ဖို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ကွာတား အဆင့် မဲခွဲ ရလဒ်များ

ယနေ့ ညနေမှာ ကျင်းပ ပြုလုပ်ခဲ့ပြီး ဖြစ်တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဆင့် မဲခွဲပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆီဗီလာ အသင်းနဲ့ တွေ့ဆုံခဲ့ရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ




၁၆ သင်း ရှုံးထွက် အဆင့်မှာ စပိန် လာလီဂါ ကလပ် အသင်း ဖြစ်တဲ့ ရီးရဲလ် ဘက်တစ် နဲ့ တွေ့ဆုံခဲ့ရသလို၊ ယခုအခါမှာလည်း နောက်ထပ် တစ်ကြိမ် စပိန် ကလပ် အသင်းနဲ့ တွေ့ဆုံခဲ့ပြန်တာ ဖြစ်ပါတယ်။




ယူရိုပါလိဂ် သမိုင်းကြွေး ရှိခဲ့တဲ့ ဆီဗီလာ နဲ့ နောက်ထပ် တစ်ကြိမ် တွေ့ဆုံခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၂၀၁၈ ခုနှစ်တုန်းက ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့်မှာ ဆီဗီလာ အသင်းကို




နှစ်ကျော့ပေါင်း ၂-၁ နဲ့ ရှုံးနိမ့် ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ထပ်မံ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်၊ အိုလေဂန်နာ ဆိုးလ်ရှား ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆီဗီလာကို ၂-၁ နဲ့ပဲ




ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပြီး လက်ရှိမှာတော့ ၃ နှစ်နီးပါး အကြာမှာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ ထပ်မံ တွေ့ဆုံနေပြီ ဖြစ်ပါတယ်၊ ယူဗင်တပ်စ် အသင်းကတော့ အာဆင်နယ် အသင်းကို




ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတား တက်လာတဲ့ စပို့တင်း နဲ့ တွေ့ဆုံနေပြီး လေဗာကူဆင် က ယူနီယံ အက်စ်ဂျီ၊ မော်ရင်ညိုရဲ့ ရိုးမား အသင်းက ဖီယင်နု နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။




ကွာတား ဖိုင်နယ် အဆင့် ပွဲစဉ်တွေကို ဧပြီလ ၁၃ ရက်နေ့ ကနေ ၂၀ ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်ပြီး မေလ ၁၁ ရက်နေ့ ကနေ ၁၈ ရက်နေ့အထိ ကျင်းပမယ့် ဆီမီးဖိုင်နယ် အဆင့် အတွက်လည်း ဆက်လက် မဲနှိုက်ခဲ့ပါတယ်။




ယူရိုပါလိဂ် ကွာတား ဖိုင်နယ် မဲခွဲ ရလဒ်များ-

မန်ချက်စတာ ယူနိုက်တက် Vs ဆီဗီလာ

ယူဗင်တပ်စ် Vs စပို့တင်း

လေဗာကူဆင် Vs ယူနီယံ အက်စ်ဂျီ

ဖီယင်နု Vs ရိုးမား

ဆီမီးဖိုင်နယ် မဲခွဲမှုရလဒ်

ဆီမီး ၁ – ဂျူဗင်တပ်စ် (သို့) စပို့တင်း Vs မန်ချက်စတာ ယူနိုက်တက် (သို့) ဆီဗီလာ

ဆီမီး ၂ – လေဗာကူဆင် (သို့) ယူနီယံ အက်စ်ဂျီ Vs ဖီယင်နု (သို့) ရိုးမား

credit