ယူရို ခြေစစ်ပွဲ အတွက် ပေါ်တူဂီ လူစာရင်းမှာ ရော်နယ်ဒို ကို ဘာကြောင့် ရွေးချယ်ရသလဲ? ပေါ်တူဂီ နည်းပြသစ် မာတီနက်ဇ် ရဲ့ သတင်းစာ ရှင်းလင်းချက်

ယူရို ခြေစစ် ပွဲစဥ်တွေ အတွက် ပေါ်တူဂီ လူစာရင်းကို နည်းပြသစ် ရောဘတ်တို မာတီနက်ဇ် က ထုတ်ပြန်ခဲ့ရာမှာ ရော်နယ်ဒို ပါဝင်လာ ခဲ့ပါတယ်၊ ဒီလ နှောင်းပိုင်းမှာ ပေါ်တူဂီ အသင်းက လက်ချင်စတိန်း




လူဇင်ဘတ် တို့နဲ့ ကစားရမှာ ဖြစ်ပြီး ဒါက နည်းပြ မာတီနက်ဇ် အတွက် ပထမဆုံး ပြိုင်ပွဲတွေလည်း ဖြစ်ပါတယ်၊ သူ့ရဲ့ လူစာရင်းမှာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို ကို




ထည့်သွင်း ရွေးချယ်ခဲ့တာ ဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်ဒို က လက်ရွေးစင် အသင်းကနေ ချန်လှပ်ခံရမယ် ဆိုတဲ့ သတင်းတွေကို ပျက်ပြယ် စေခဲ့ပါပြ၊ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ လူစားဝင် ကစားသမား အဖြစ်နဲ့သာ




ရှိနေခဲ့တဲ့ ရော်နယ်ဒို ဟာ ပေါ်တူဂီ နည်းပြသစ် ဖြစ်လာတဲ့ မာတီနက်ဇ် နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်၊ အယ်လ်နာဆာ တိုက်စစ်မှူး ကတော့ အသက် ၃၈ နှစ် အရွယ် ရှိနေပြီ ဖြစ်ပြီး




ယူရို ခြေစစ် ပွဲစဥ်တွေမှာ အသင်းရဲ့ တစိတ်တပိုင်း အဖြစ် ပါဝင်ခွင့် ရခဲ့ပြီ ဖြစ်ပါတယ်၊ နိုင်ငံတကာ သွင်းဂိုး အများဆုံး ရယူထားတဲ့ ရော်နယ်ဒို ဟာ အသင်းငယ် လေးတွေနဲ့ ရင်ဆိုင်ရမယ့် ပွဲတွေမှာ ပွဲထွက်ခွင့်




ရဖို့ သေချာသလောက် ရှိနေပြီး သူ့ရဲ့ သွင်းဂိုးစံချိန်ကို ထပ်ပြီး မြှင့်တင်နိင်ဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်၊ လက်ရှိမှာ သူက ၁၁၈ ဂိုး အထိ ရရှိထားတာ ဖြစ်ပြီး သူ့ စံချိန်ကို လိုက်မီဖို့ အတွက် အခြား ကစားသမားတွေ အနေနဲ့ တော်တော်လေး ခဲယဉ်းနေပြီ ဖြစ်ပါတယ်။




နည်းပြ မာတီနက်ဇ် က လူရွေးချယ်မှုနဲ့ ပတ်သက်ပြီး- ခရစ္စတီယာနို ရော်နယ်ဒို က အရမ်း စိတ်အား ထက်သန်တဲ့ ကစားသမားပါ၊ သူက အတွေ့အကြုံတွေကို ယူဆောင်လာနိုင်ပြီး ဒီ အသင်း အတွက်




အရမ်း အရေးကြီးပြီး အရေးပါတဲ့ ကစားသမား တဦးပါ၊ အသက်အရွယ်ကို ကျနော် မကြည့်ခဲ့ပါဘူး။ လို့ သတင်းထောက်တွေကို ပြောဆို သွားခဲ့ပါတယ်၊ ပေါ်တူဂီ ကတော့ အုပ်စုတွင်းမှာ အိုက်စလန်၊ ဘော့စနီးယား




စလိုဗက်ကီးယား၊ လက်ချင်စတိန်း၊ လူဇင်ဘတ် အသင်းတို့နဲ့ အတူ ကျရောက် နေတာကြောင့် ခြေစစ် ပွဲစဥ် အောင်မြင်မှု ရဖို့ကလည်း လွယ်ကူတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။

credit