မန်ချက်စတာ ယူနိုက်တက် ပရီးမီးယားလိဂ် အဆင့် ၄ အပြင်မှာ ရာသီသိမ်းမည်ဟု ကာရေဂါ ရှင်းပြလာ
|မန်ချက်စတာ ယူနိုက်တက် ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း ဝင်မယ်လို့ အာမခံချက် မရှိသေးဘူးလို့ လီဗာပူး နောက်ခံ လူဟောင်း ကာရေဂါ က ပြောဆိုလိုက်ပါတယ်၊ ပုံစံကောင်း ရနေတဲ့
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေပြီး အဲဒီ နေရာနဲ့ပဲ ရာသီသိမ်းဖို့ ရေပန်းစား နေတာပါ၊ အာဆင်နယ် မန်စီးတီး တို့နဲ့ အတူ
မန်ချက်စတာ ယူနိုက်တက် အသင်းက ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ သေချာပြီးသားလို့ ယူဆကြ ပေမယ့် ကာရေဂါ က သတိပေးလာတာ ဖြစ်ပါတယ်၊ ဒါပေမယ့် နယူးကာဆယ် ကလည်း
မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ၃ မှတ်သာ ကွာပြီး အဆင့် ၅ နေရာ ရောက်လာသလို ကြားထဲမှာ စပါး ကလည်း ၂ မှတ် အကွာမှာ ရှိနေတာပါ၊ လီဗာပူး နဲ့ ဘရိုက်တန် ကလည်း အဆင့် ၄ အတွင်း ဝင်ဖို့ တွန်းအားပေး နေပါတယ်။
ကာရေဂါ က- နယူးကာဆယ် ရဲ့ ဖောရက်စ် ကို ကြားကုတ်ကြားခဲ အနိုင်ယူသွားတဲ့ ပွဲ ရလဒ်က မန်ချက်စတာ ယူနိုက်တက် ရဲ့ အဆင့် ၄ အတွင်း ဝင်ဖို့ ကြိုးစားနေတဲ့ ပြိုင်ဘက်တွေ ပိုများ အကြပ်ရိုက် လာစေတဲ့ လက္ခဏာပါ။
မန်ချက်စတာ ယူနိုက်တက် အသင်း အဆင့် ၄ အတွင်း သေချာပေါက် တစ်နေရာ ယူနိုင်မယ်လို့ အကြာကြီး ထင်ထား ယုံထားခဲ့ကြတာ၊ ဂယ်ရီ နဗီးလ် ဆိုရင် အဆင့် ၂ ထိတောင် မန်ချက်စတာ ယူနိုက်တက် က
ယူမယ်လို့ ပြောခဲ့သေးတယ်၊ ဒါပေမယ့် အခုမှ top four တိုက်ပွဲထဲကို သူတို့ တကယ် ရောက်လာတဲ့ပုံပါ၊ အထူးသဖြင့် နယူးကာဆယ် ရဲ့ နောက်ပွဲက မန်ချက်စတာ ယူနိုက်တက် နဲ့ ဖြစ်တယ်၊ စပါး အတွက်လည်း
နယူးကာဆယ် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ နှစ်သင်းလုံးနဲ့ ကစားရဖို့ ရှိနေသေးတယ်၊ လီဗာပူးနဲ့ စပါးတို့ ကြည့်ရတာက အနားမရသေးတဲ့ အသင်းတွေ ပုံစံ ဖြစ်နေတယ်၊ ဒါပေမယ့် နယူးကာဆယ် နဲ့တော့
ဒါမျိုး မရှိဘူး၊ နယူးကာဆယ်က ခြေစွမ်းကောင်းပြီး မနိုင်တဲ့ ပွဲတွေ ကြည့်မိရင်တောင် သူတို့ကို အထင် မကြီးဘဲ မနေနိုင်အောင်ပဲ။၊ဒီလို အချိန်မှာ နိုင်ငံတကာ သီတင်းပတ် ရောက်လာတာ သူတို့အတွက်
အချိန်ကောင်းကြီး လာဖျက်တယ်တောင် ပြောရမလို ပါပဲ၊ ဒီရာသီ သိပ်ကောင်းနေတယ် ဆိုတာက နောက်ရာသီလည်း သူတို့ လုပ်နိုင်ဦးမယ်တော့ မဆိုလိုပါဘူး၊ ချဲလ်ဆီးနဲ့ စပါးက နောက်ရာသီ အများကြီး ပိုတောင့်တင်းလာဦးမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
credit