ရိုးမား အသင်းထက် မန်ချက်စတာ ယူနိုက်တက် နဲ့ ထိပ်တိုက် တွေ့ဆုံချင်ခဲ့တာ ဖြစ်ကြောင်း ဖီယင်နော့ဒ် နည်းပြ ထုတ်ပြော
|နယ်သာလန် ကလပ် ဖီယင်နော့ဒ် အသင်း နည်းပြ အာနီ စလော့ က ယူရိုပါလိဂ် ကွာတား ဖိုင်နယ်မှာ ရိုးမား နဲ့ ရင်ဆိုင်ရမှာက ခက်ခဲနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်၊ သူတို့ နှစ်သင်းဟာ ပြီးခဲ့တဲ့ ရာသီက
ကွန်ဖရင့်လိဂ် ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ဖူးပြီး ရိုးမား က အနိုင်ယူကာ ဗိုလ်စွဲ သွားခဲ့တာ ဖြစ်ပါတယ်၊ ဒီရာသီမှာတော့ မကျေပွဲ အဖြစ် ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ ထပ်မံ တွေ့ဆုံပြီး ကစားရတော့မှာပါ၊ ဒါပေမယ့်
စလော့ ကတော့ သူက ထူးခြားတဲ့ အသင်း တသင်းသင်းနဲ့ ရင်ဆိုင် ချင်ခဲ့တာလို့ မဲခွဲ အပြီးမှာ ပြောဆိုခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နဲ့ ရင်ဆိုင်ချင်တယ် လို့ သူက အလေးထား ပြောဆိုခဲ့ပြီး
ဒီလို အသင်းမျိုးနဲ့ ကစားရတာက ပိုမို ထူးခြားမှု ရှိမယ်လို့ ဆိုခဲ့တာလည်း ဖြစ်ပါတယ်၊ စလော့က “ရိုးမားက အရမ်းကောင်းတဲ့ ပြိုင်ဘက်အသင်းတသင်းပါ၊ ပြီးတော့ ဒါက ကြီးမားတဲ့ ပြိုင်ဆိုင်မှုတိုက်ပွဲလည်းဖြစ်လာပါလိမ့်မယ်၊ ဒါပေမယ့်
ဒီတကြိမ်မှာ အခြား အသင်းတွေနဲ့ ရင်ဆိုင်ရမယ်လို့ မျှော်လင့်ထားတာ ကျနော့်အတွက် ထူးခြားတဲ့ အသင်းတသင်း တသင်းနဲ့ ရင်ဆိုင်ရဖို့ပေါ့၊ မန်ချက်စတာ ယူနိုက်တက် က အရည်အသွေး အရရော
ဘဏ္ဍာရေး အရပါ သိသာ ထင်ရှားတဲ့ အသင်းပါ၊ ဒါပေမယ့် ရိုးမား တောင်မှ လွယ်ကူတဲ့ ပြိုင်ဘက် မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ရာသီ ကွန်ဖရင့်လိဂ် ဗိုလ်လုပွဲ အပြီးတည်းက သူတို့ လူစာရင်းက တောင့်တင်းခဲ့ပါတယ်။
ဒီဘာလား၊ မာတစ်၊ ဝိုင်နယ်ဒမ် နဲ့ ဘယ်လော့တီ တို့ ထပ် ရောက်လာခဲ့ပါတယ်။ လို့ ပြောဆိုခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကတော့ ကွာတားဖိုင်နယ်မှာ စပိန် အသင်းတသင်း ဖြစ်တဲ့ ဆီဗီလာ ကို ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့မယ် ဆိုရင်တော့
ဂျူဗင်တပ်စ် ပွဲစဉ်က အနိုင်ရ အသင်းနဲ့ ဆီမိးဖိုင်နယ်ပွဲ ကစားရမှာ ဖြစ်ပါတယ်၊ ဖီယင်နော့ဒ် ကတော့ ရိုးမားကို ကျော်ဖြတ်နိုင်ခဲ့မယ် ဆိုရင် USG – လေဗာကူဆင် ပွဲက အနိုင်ရ အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ကစားရမှာပါ။
credit