ပေါင် 143 သန်း အသုံးပြုပြီး နာပိုလီ အသင်းမှ ကစားသမား နှစ်ဦးအထိ ခေါ်ယူသွားမည့် မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် ဟာ နာပိုလီ အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်ကြတဲ့ ဗစ်တာ အိုဆီမန် နဲ့ ကင်မင်ဂျယ် တို့အတွက် ပြောင်းရွှေ့ကြေး ပေါင် 143 သန်း အထိ ပြင်ဆင်ထားပါတယ်။




နာပိုလီ အသင်းဟာ လက်ရှိ ရာသီမှာ မယုံနိုင်စရာ ခြေစွမ်း ကောင်းတွေ ပြသနေပြီး နည်းပြ လူစီယာနို စပယ်လက်တီ နဲ့ အတူ 33 နှစ်ကြာ စောင့်ဆိုင်းနေတဲ့ စီးရီးအေ ချန်ပီယံ ဆုကိုလည်း ရယူနိုင်ဖို့ နီးစပ်လျက် ရှိနေပါတယ်။




ဒီရာသီ လိဂ်ပွဲစဉ် 26 ပွဲမှာ 22 ပွဲနိုင်ပြီး ဒုတိယ နေရာက အင်တာမီလန် အသင်းကို 18 မှတ် ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်၊ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကိုလည်း အီတလီ ပြည်တွင်း ပြိုင်ဘက် အေစီမီလန်နဲ့ အတူ




တက်ရောက်ထားပြီး ဖြစ်ပါတယ်၊ ဒီရာသီ အောင်မြင်မှုတွေနဲ့ အတူ နာပိုလီ ကြယ်ပွင့်တွေဟာလည်း ဥရောပ ထိပ်သီး အသင်းတွေရဲ့ အာရုံစိုက်မှုကို ရရှိ လာကြပါတယ်၊ သတင်းတွေ အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိုဆီမန် နဲ့




ကင်မင်ဂျယ် ကို နာပိုလီ ကနေ တစ်ပြိုင်တည်း ခေါ်ယူချင်နေပြီး ပေါင် 143 သန်း အထိထိ သုံးစွဲဖို့ ပြင်ဆင် ထားပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတုန်းက တိုက်စစ်ပိုင်း အတွက်




ဝက်ဂ်ဟော့စ် တစ်ဦးတည်းကိုသာ အငှားနဲ့ ခေါ်ယူ အင်အားဖြည့် ထားခဲ့ပါတယ်၊ ဒါပေမယ့် နယ်သာလန်သားဟာ နည်းပြ အဲရစ် တန်ဟက်ဂ် လက်အောက်မှာ 17 ပွဲထိ ကစားခွင့် ရခဲ့ပေမယ့်လည်း




သွင်းဂိုး နှစ်ဂိုးသာ သွင်းယူ ထားနိုင်ခဲ့ပါတယ်၊ ဒါကြောင့် သူ့ရဲ့ အငှားစာချုပ် ကုန်ဆုံးတာနဲ့ မိခင်ကလပ် ဘန်လေကို ပြန်လည် ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်၊ မာရှယ် ရဲ့ အနာဂတ်ကလည်း မရေရာ တော့တာကြောင့်




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခု နွေရာသီ အပြောင်းအရွှေ့မှာ အရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားလျက် ရှိပါတယ်၊ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း နဲ့ သတင်း ထွက်နေပေမယ့်

အိုဆီမန် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပစ်မှတ်တွေထဲက ထိပ်တန်း ပစ်မှတ် တစ်ခု ဖြစ်ပါတယ်၊ နိုက်ဂျီးရီးယားသားဟာ ဒီရာသီလိဂ် 22 ပွဲမှာ 19 ဂိုးထိ သွင်းယူထားပြီး စီးရီးအေရဲ့ ထိပ်တန်း ဂိုးသွင်းရှင် အဖြစ် ရပ်တည်နေတာပါ။




အိုဆီမန် ဟာ 2025 ဇွန်လ ထိ စာချုပ် သက်တမ်း ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အနည်းဆုံး ပေါင် သန်း ၁၀၀ ခန့် ပေးချေရဖို့ ရှိနေပါတယ်၊ ခံစစ်ပိုင်း အတွက်လည်း ကင်မင်ဂျယ် ကစားတဲ့ ပွဲတွေကို ကင်းထောက်ခဲ့ရာမှာ




မှတ်ချက်ကောင်းတွေ ရရှိခဲ့တယ်လို့ သိရပြီး တောင်ကိုရီးယား လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဖီနာဘာချီ ကနေ ရောက်လာတာ ဖြစ်ပြီး ဒီရာသီ နာပိုလီ ရဲ့ လိဂ်ပွဲစဉ် 26 ပွဲမှာ 25 ပွဲထိ ပွဲထွက် ကစားခွင့် ရရှိထားသလို သွင်းဂိုး နှစ်ဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်လည်း

ရရှိထားပါတယ်၊ ကင်မင်ဂျယ် ကလည်း 2025 အထိ စာချုပ် သက်တမ်း ရှိနေသလို နောက်ထပ် 2 နှစ် သက်တမ်း တိုးခွင့်လည်း ရှိနေပေမယ့် ဇူလိုင်လမှာ အသက်ဝင်မယ့် ပေါင် 43 သန်းနဲ့ စာချုပ် ဖျက်သိမ်းကြေးလည်း ပါဝင်နေပါတယ်။

credit