မန်ချက်စတာ ယူနိုက်တက် Vs ဖူလ်ဟမ် အက်ဖ်အေ ဖလား ကွာတား ဖိုင်နယ် ပွဲစ‌ဉ် အတွက် ခန့်မှန်းချက် ထုတ်ပြန်သွားပြီ ဖြစ်တဲ့ ခရစ်ဆက်တန်

Manchester United အသင်းဟာ ဒီအပါတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ မဟုတ်ဘဲ ဖူလ်ဟမ် အသင်းနဲ့ အက်ဖ်အေ ဖလား ကွာတား ဖိုင်နယ် ပွဲစ‌ဉ်ကို ကစားသွားရမှာ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် မှေးမှိန် သွားပေမယ့် ယူရိုပါလိဂ် မှာရော၊ အက်ဖ်အေ ဖလားမှာပါ ကွာတား အဆင့်တွေ ရောက်ထားပြီး ဆုဖလား အခွင့်အရေးတွေ




ရှိနေတာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနက ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က မန်ချက်စတာ ယူနိုက်တက် နဲ့ ဖူလ်ဟမ် တို့ အက်ဖ်အေ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းက ပရီးမီးယားလိဂ်မှာ အတားအဆီး လေးတွေ ကြုံနေရပုံပါပဲ၊ ကတ်စမဲရိုး ကလည်း ပွဲပယ် ခံထားရပြီ၊ သူ ဆောက်သမ်တန် နဲ့ ပွဲမှာ အနီကတ် ပြခံရပြီး လေးပွဲပယ် ပြစ်ဒဏ်




စခံရတာပါ၊ ဒီအတွက် ကျနော့ အနေနဲ့ စိတ်ပူမိတယ်၊ ဒါပေမယ့် ဖူလ်ဟမ် အသင်းကလည်း ဒီပွဲကို စိတ်ပျက်စရာ ရလဒ်အချို့နဲ့ ရောက်လာမှာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ အပါတ်က အာဆင်နယ် အသင်းက သူတို့ကို




အပြတ် ချေမှုန်း ပစ်ခဲ့တယ်လေ၊ သူတို့ အတော် ခြေကုန် လက်ပန်း ကျနေလောက်တယ်လို့ ထင်မိပါတယ်လို့ ခရစ်ဆက်တန်က သုံးသပ်သွားခဲ့ပါတယ်၊ ခရစ်ဆက်တန် ရဲ့ ခန့်မှန်း ရလဒ်

မန်ချက်စတာ ယူနိုက်တက် 2-1 ဖူလ်ဟမ်

credit