ဟယ်ရီကိန်း နဲ့ အိုဆီမန် ထက် ပိုကောင်းတဲ့ ကစားသမားကို ထုတ်ပြောလိုက်ပြီး ခေါ်ယူဖို့ တိုက်တွန်း ပြောဆိုလိုက်တဲ့ ပေါလ်စခိုးလ်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမား တဦး ဖြစ်ပြီ လက်ရှိ ဘောလုံး သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်စခိုးလ်က အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိ ပစ်မှတ်




ကစားသမားတွေ ဖြစ်တဲ့ ဟယ်ရီကိန်း နဲ့ ဗစ်တာ အိုဆီမန် တို့ထက် အင်တာမီလန် တိုက်စစ်မှူး လော်တူရို မာတီနက်ဇ် ကို ခေါ်ယူသင့်ကြောင်း အကြံပေး ပြောကြားလိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှာ အန်တိုနီ မာရှယ်၊ ရပ်ရှ်ဖို့ဒ်၊ ဗက်ဟို့စ်၊ စတဲ့ တိုက်စစ်မှူး သုံးဦးကို ပိုင်ဆိုင် ထားပေမယ့် ဗက်ဟို့စ် က ရာသီကုန်မှာ ဘန်လေ အသင်းဆီ ပြန်သွားရဖို့




အခွင့်အလမ်း များပြီး မာရှယ်ရဲ့ ကြံ့ခိုင်မှု အနေအထား ကလည်း ယုံကြည်လို့ မရတာကြောင့် တိုက်စစ်မှူးသစ် တစ်ဦးကို ထပ်မံခေါ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်၊ လက်ရှိ မန်ချက်စတာ ယူနိုက်တက် က




စပါး တိုက်စစ်မှူး ဟယ်ရီကိန်း နဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန် တို့နှစ်ဦးကို စိတ်ဝင်စားနေပြီး ဘောလုံးရေးရာ သုံးသပ်သူ အများစုက မန်ချက်စတာ ယူနိုက်တက် ကသာ ဟယ်ရီကိန်း နဲ့




အိုဆီမန် တို့ နှစ်ဦးထဲက တဦးကို ရရှိရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ်လို့ သုံးသပ် ထားကြပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ပေါလ်စခိုးလ် က ဟယ်ရီကိန်း နဲ့ အိုဆီမန် ထက်




ကစားကွက် ပုံဖော်မှု အားကောင်းတဲ့ အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ် ကို ခေါ်ယူသင့်ကြောင်း ပြောဆိုလိုက်ပါတယ်၊ ပေါလ်စခိုးလ် က- ကျွန်တော့် အထင် ကိန်းဟာ စပါးက ထွက်ခွာမယ်လို့ မထင်ပါဘူး။




ဒန်နီရယ် လီဗိုင်း နဲ့ ဆက်ဆံရတာက မလွယ်ပါဘူး၊ လီဗိုင်း က ခင်ဗျားတို့ကို အပြောင်းအရွှေ့ လုပ်မယ် ဆိုပြီးတော့ နောက်ဆုံးချိန် အထိ အချိန်ဆွဲ သွားပါလိမ့်မယ်၊ ပြီးရင် ခင်ဗျားတို့ကို အပြောင်းအရွှေ့




မလုပ်တော့ဘူး ဆိုပြီး ဗလောင်းဗလဲ ပြောပါလိမ့်မယ်၊ ဒါက သေချာပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် တခြား တိုက်စစ်မှူး တွေလည်း ရှိနေပါသေးတယ်၊ ဥပမာ အိုဆီမန် ပေါ့။




အိုဆီမန် ကလည်း အရည်အချင်းတွေ အများကြီး ရှိတဲ့ တိုက်စစ်မှူးပါ၊ အိုဆီမန် က ဒရော့ဘာ လိုမျိုး တိုက်စစ်မှူးလို့ ထင်ပါတယ်၊ သူက မန်ချက်စတာ ယူနိုက်တက် ထက် ချဲလ်ဆီး နဲ့ ပိုပြီး သင့်တော်တယ်လို့ မြင်မိတယ်။




အင်တာမီလန်က မာတီနက်ဇ် ကိုတော့ သဘော ကျမိပါတယ်၊ သူက Manchester United မန်နေဂျာ Erik Ten Hag ရဲ့ ကစားကွက်နဲ့ သင့်တော်တဲ့ ကစားသမားပါ၊ အဲလို့လည်း မြင်မိပါတယ်၊ မာတီနက်ဇ် က တိုက်စစ်မှူးပေမယ့်




ပြိုင်ဘက် ခံစစ်ကြောင်းထဲ တိုးဝင် ပြေးလွှားတတ် သလို ပြိုင်ဘက်တွေကိုလည်း လုံးဝ မကြောက်ရွံ့ တတ်ပါဘူး။ လို့ ကိန်း နဲ့ အိုဆီမန် ထက် ပိုမို သင့်တော်တဲ့ ကစားသမားကို ခေါ်ယူဖို့ တိုက်တွန်း ပြောကြားသွား ခဲ့တာပဲ ဖြစ်ပါတယ်။

credit