ဆုဖလား မျှော်လင့်ချက်ကြောင့် အဲရစ် တန်ဟက်ဂ် ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်သွားတဲ့ တိုက်စစ်မှူး တဦး

အေဂျက်စ် တိုက်စစ်မှူး မိုဟာမက် ကူဒက်စ် က ဆရာဟောင်း Erik Ten Hag က မန်ချက်စတာ ယူနိုက်တက် ကို ခေါ်ယူဖို့ ဆန္ဒ ရှိနေပေမယ့် လက်ရှိ အချိန်မှာ အေဂျက်စ် အသင်းနဲ့ နယ်သာလန် ချန်ပီယံဆု




မျှော်လင့်ချက်ကြောင့် စာချုပ် သက်တမ်း တိုးဖို့ကိုပဲ လမ်းဖွင့်ထားကြောင်း အဲရစ် တန်ဟက်ဂ် ကို အသိပေး ပြောဆို လိုက်ပါတယ်၊ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ နှစ်က ကမ္ဘာ့ဖလားမှာ




ဂါနာ နဲ့ အတူ အထူး ခြေစွမ်း ပြခဲ့သလို လက်ရှိ အေဂျက်စ် အသင်းမှာလည်း အဓိက ကစားသမား တဦး အဖြစ် ရပ်တည် နေတာကြောင့် ဒီနွေရာသီမှာ Erik Ten Hag ကူဒက်စ် ကို အိုးလ်ထရက်ဖို့ဒ်ကို




ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ခုနှစ်ပွဲဆက် နိုင်ပွဲ ပျောက်ပြီးနောက် ရာထူးက ထုတ်ပယ် ခံခဲ့ရတဲ့ နည်းပြ ရုရူဒါ လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့် မရရှိခဲ့ပေမယ့် နည်းပြ ဂျွန်ဟိုက်တင်ဂါ ရောက်လာပြီးနောက်




အဓိက ကစားသမား တဦး ဖြစ်လာခဲ့ပါတယ်၊ နယ်သာလန် ပြည်တွင်းလိဂ် နောက်ဆုံး ၈ ပွဲမှာ ဂါနာသားက ၆ ဂိုးသွင်းပြီး နှစ်ဂိုး ဖန်တီးနိုင်ခဲ့ တာကြောင့် အေဂျက်စ် အသင်းဟာ အဆင့် တစ်နေရာက ဖီယင်နု နဲ့




သုံးမှတ် အကွာကို ရောက်ရှိလာပါတယ်၊ Erik Ten Hag ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အင်အား ဖြည့်တင်းဖို့ စီစဉ်နေပြီး ဒါပေမယ့် လူငယ် ကြယ်ပွင့် ကစားသမားက




လက်ရှိ အချိန်မှာ အပြောင်းအရွှေ့ ကိစ္စတွေ မစဉ်းစား သေးဘူးလို့ ပြောဆိုပါတယ်၊ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကူဒက်စ် က- ကျွန်တော် အခု အေဂျက်စ်မှာ ပျော်နေတယ်၊ ၂ နှစ်ဆက်သာ ချန်ပီယံ ဖြစ်ခဲ့ရင်




ပိုပြီး ပျော်ရွှင်မှာ၊ ဒါကြောင့် အသင်းဆီက စာချုပ်သစ်ကို မလိုချင်ဖို့ အကြောင်း မရှိပါဘူး၊ ကျွန်တော် ကစားပုံ တိုးတက်လာတာပဲ၊ အခုတော့ ညှိနှိုင်းဖို့ အဖြေထွက်ဖို့ တွေက လိုပါသေးတယ်။




သင့်တော်တဲ့ အချိန်ကျရင်တော့ ဘာတွေ ဖြစ်လာမလဲ ကြည့်ကြတာပေါ့၊ ဒါပေမယ့် ဒီကိစ္စတွေက ကျွန်တော့် အေဂျင့်နဲ့လည်း ဆိုင်ပါတယ်၊ ကျွန်တော့် အနေနဲ့ ကတော့ ချန်ပီယံဆု အတွက်ပဲ အာရုံစိုက်ထားတယ်လို့ ပြောဆို သွားခဲ့ပါတယ်။




ကူဒက်စ် ဟာ ပြီးခဲ့တဲ့ နွေရာသီ ကတည်းက အဲဗာတန် နဲ့ အပြောင်းအရွှေ့ ဆွေးနွေးခဲ့ဖူးပြီး ပရီးမီးယားလိဂ် ကိုလည်း ရောက်ရှိလာဖို့ နီးစပ် ခဲ့ပါတယ်၊ ဒါပေမယ့် နည်းပြ အဲရစ် တန်ဟတ် အပြင် အဓိက ကစားသမား များစွာကို ဆုံးရှုံး ထားရတာကြောင့်




အေဂျက်စ်က ကူဒက်စ်လို အဓိက ကစားသမား နောက်တစ်ယောက်ကို မရောင်းချတော့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်၊ အဲ့ဒီ အချိန်တုန်းက ဂါနာသား ကိုယ်တိုင်က အဲဗာတန်ကို ပြောင်းဖို့ ဆန္ဒရှိခဲ့တာပါ။

ဆက်လက်ပြီး- ပြီးခဲ့တဲ့ နွေရာသီတုန်းက အဲဗာတန်နဲ့ အပြောင်းအရွှေ့ကို အသင်းဘက်က ပိတ်ပင် တားဆီးခဲ့လို့ စိတ်ပျက်ခဲ့ရပါတယ်၊ အဲ့ဒီတုန်းက ဒီမှာလည်း ကစားခွင့် မရတာကြောင့်




ကျနော့ရဲ့ ကစားသမား ဘ၀ သင်ခန်းစာ သစ်တွေကို ရှာဖွေဖို့ အချိန်ကျပြီလို့ ထင်ခဲ့တယ်၊ အပြောင်းအရွှေ့ ပိတ်သွားတော့ အေဂျက်စ် အတွက်ပဲ ပြန်ပြီး အာရုံစိုက် ခဲ့ပါတယ်၊ ဒီကနေ ထွက်ဖို့ ကြိုးစားခဲ့တဲ့




တစ်ခုတည်းသော အချက်က ကျွန်တော့်ကို အရန်ခုံမှာ ထိုင်ခိုင်းထားလို့ပါ၊ ဒီ ပြဿနာ ကနေ ရှောင်နိုင်ခဲ့တယ် လို့ ထင်ပါတယ်၊ အခု အဲဗာတန် က ပရီးမီးယားလိဂ်မှာ အခြေအနေ မကောင်းပေမယ့် အေဂျက်စ် အသင်းက

ချန်ပီယံဆု အတွက် ယှဉ်ပြိုင်နေတယ်၊ အခု ဂျွန်ဟိုက်တင်ဂါ ရဲ့ လက်အောက်မှာ ကျွန်တော် ပုံမှန် ပွဲထွက်ခွင့် ရတဲ့ ကစားသမား ဖြစ်လာပြီ၊ ဘုရားသခင်ကို ယုံကြည်ပါတယ်၊ ကျွန်တော့်ကို အသင်း မပြောင်းဖြစ်အောင် ကူညီပေးခဲ့လို့ပါ။ လို့ ပြောဆိုသွားခဲ့ပါတယ်။

credit