ပထမပိုင်းမှာ သရေကျခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဂိုးပြတ်သွင်းပြီး ဆီမီးဖိုင်နယ် တက်လှမ်းသွားတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဖူလ်ဟမ် တို့ရဲ့ အက်ဖ်အေ ဖလား ကွာတား ဖိုင်နယ် ပွဲစဥ် ကတော့ ဒုတိယပိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲနဲ့ အတူ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်၊ ဒီနေ့ ပွဲစဥ်မှာ




မန်ချက်စတာ ယူနိုက်တက် တို့ ဖူလ်ဟမ် ကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး အိမ်ကွင်းမှာ ရုန်းကန်ခဲ့ရကာ အရေးနိမ့်ပြီ လို့တောင် ထင်မှတ် ခဲ့ရပါတယ်၊ ဖူလ်ဟမ် က ပိုကောင်းတဲ့ ပုံစံကို ပြသနိုင်ခဲ့ပြီး အနိုင်ရဖို့ အတွက်ပါ




လုံလောက်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ကို ကောင်းကောင်းကြီး အခက်တွေ့ စေခဲ့ပါတယ်၊ ပထမပိုင်းမှာ ဂိုးမရှိ သရေ ရလဒ် ကျခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ မီထရိုဗစ် ရဲ့ ဂိုးနဲ့ အတူ




ဖူလ်ဟမ် အသင်း ဦးဆောင်နိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ကို အက်ဖ်အေ ပွဲက ထွက်စေဖို့ တာစူခဲ့ပါတယ်၊ ဒါပေမယ့် ပွဲ ကစားချိန် မိနစ် ၇၀ မှာ အလှည့်အပြောင်း ဖြစ်သွားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းက ချေပဂိုး ရရှိဖို့ အားထုတ်နေရင်း ဆန်ချို ရဲ့ ကန်သွင်းချက်ကို ဝီလီယံ ကာကွယ်ခဲ့ရာမှာ လက်နဲ့ ရည်ရွယ် တွန်းထုတ်ခဲ့တာပါ၊ ဒါကြောင် ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးခဲ့ပါတယ်။




ဒီ ပင်နယ်တီနဲ့ အတူ ဝီလီယံ ကိုလည်း အနီကတ်ပြ ထုတ်ပယ်ခဲ့ပြီး မီထရိုဗစ် က စောဒကတက်ရင်း ဒိုင်ကို တွန်းထိုးခဲ့လို့ သူ့ကိုပါ အနီကတ် ထပ်ပြခဲ့ပြီး ဖူလ်ဟမ် တို့ နှစ်ယောက် အထုတ်ခံလိုက်ရပါတယ်။




ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ် က ကန်သွင်း ယူခဲ့ပြီး ချေပနိုင်ခဲ့သလို သိပ်မကြာခင်မှာပဲ လုခ်ရှော ရဲ့ ဖန်တီးပေးမှု ကနေ ဆာဘစ်ဇာ က ပိတ်သွင်းယူခဲ့လို့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဥ်ကို ဦးဆောင်ခဲ့ပါတယ်။




ဖူလ်ဟမ် ကတော့ ကစားသမား နှစ်ယောက် အထုတ်ခံရပြီး နောက်မှာ ဘာမှ မတတ်နိုင်တော့ဘဲ ဂိုးတွေ အများကြီး မပေးရအောင်သာ ကစားသွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်း

ဘောလုံးကိုင် ကစားသွားပြီး နောက်ထပ် ဂိုးတွေ ရဖို့ အတွက် အားထုတ်ခဲ့ပါတယ်၊ ပွဲချိန် နောက်ပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် တို့ ဂိုးသွင်းခွင့်တွေ ထပ် ရခဲ့ပေမယ့် အန်တိုနီ ရဲ့ ကန်ချက်တွေကို လီနိုက




ဟန့်တား နိုင်ခဲ့ပါတယ်၊ ဖူလ်ဟမ် က တိုက်စစ်ကို ဆင်နိင်ခြင်း မရှိတော့ဘဲ ခံစစ်ကိုသာ ကစားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် တို့ အနိုင် သေချာခဲ့ပြီး ဂိုးထပ် သွင်းမလား မသွင်းဘူးလား ဆိုတာကိုသာ ပရိတ်သတ်တွေ အနေနဲ့ စောင့်ဆိုင်းနေခဲ့ပါတယ်။

နာကျင် အချိန်ပိုမှာတော့ မန်ချက်စတာ ယူနိုက်တက် အတွက် ဖာနန်ဒက်စ် က နောက် တစ်ဂိုး ထပ်မံ သွင်းပေးခဲ့ပြီး ၃-၁ နဲ့ အနိုင် ရရှိခဲ့ပါတယ်၊ ယခုအခါ မှာတော့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်လှမ်း သွားခဲ့ပြီလည်း ဖြစ်ပါတယ်။

credit