ပရိသတ်တွေကိုသတိရကြောင်းနှင့် ပရိသတ်အတွက်ကျန်းမာရေးဂရုစိုက်ပြီးနေထိုင်နေကြောင်း Eaindra_Kyaw_Zin Merchandise_Team ရေးသားလာ

အိန္ဒြာ‌ကျော်ဇင်ရဲ့ရေမွှေးပုလင်းတွေက သက်တမ်းတစ်ခုလည်းရှိပြီး ကာလအရှည်ကြီးသိမ်းဆည်းထားဖို့လည်း မဖြစ်နိုင်တာကြောင့် Beauty Diaryမှာရောင်းချပေးမည်ဟု ယနေ့ရေးသားလာခဲ့သည်။




“အားလုံးပဲ မင်္ဂလာပါ

Eaindra Kyaw Zin Merchandise Team အနေနဲ့ ဒီနေ့မှာ သတင်းလေးတစ်ခုပြောပြချင်ပါတယ်

အစ်မ Eaindra Kyaw Zin ဟာ လွန်ခဲ့တဲ့ ၂နှစ်ကျော်ကာလကတည်းက သူချစ်တဲ့ ပရိသတ်အတွက် ရေမွှေးကို

အမှတ်တရ ဖြန့်ချီပေးချင်ခဲ့တာ အားလုံးလည်း သိပြီးသားဖြစ်လိမ့်မယ်လို့ ထင်ပါတယ်နော် ဒါပေမယ့် အခုအချိန်မှာတော့




အစ်မဟာ ကျန်းမာရေးအခြေအနေကြောင့် ကိုယ်တိုင်လုပ်ဆောင်နိုင်ခြင်းမရှိတော့ပါဘူး ပြီးတော့ ရေမွှေးပုလင်းတွေက

သက်တမ်းတစ်ခုလည်းရှိပြီး ကာလအရှည်ကြီးသိမ်းဆည်းထားဖို့လည်း မဖြစ်နိုင်တာကြောင့် Beauty Diary Co.Ltd




ကို လွှဲပြောင်းရောင်းချလိုက်ပြီဖြစ်ပါတယ်Beauty Diary ကပဲ အစ်မရဲ့ ပရိသတ်တွေအတွက်အမှတ်တရ

ရေမွှေးပုလင်းလေးတွေကို ဖြန့်ချီပေးသွားမှာပါ

Beauty Diary က ဖြန့်ချီတဲ့ အချိန်ကျရင်တော့ အစ်မကိုယ်တိုင် အပင်ပန်းခံကြိုးစားခဲ့တဲ့ရေမွှေးလေးတွေကို

အားပေးအကဲဖြတ်ပေးကြပါဦးလို့ သတင်းစကားလေးပါးလိုက်ပါတယ်ခင်ဗျာ




ပရိသတ်တွေ အားလုံးကိုသတိရကြောင်း၊

ပရိသတ်တွေနဲ့ ပြန်ဆုံနိုင်အောင် ကျန်းမာရေးကို ဂရုစိုက်ပြီး နေထိုင်နေကြောင်းလည်း အစ်မကစကားလက်ဆောင်လေး

ပါးခိုင်းလိုက်ပါတယ်။”ဟုရေးသားလာခဲ့သည်။