အများမသိသေးတဲ့ မင်းမော်ကွန်း ဆိုတဲ့နာမည်ဖြစ်ပေါ်လာပုံကို ပြောပြလိုက်တဲ့ ကိုကျော်
|မင်းသား မင်းမော်ကွန်း ကတော့ တစ်ခေတ်တခါထဲက အောင်မြင်ကျော်ကြား လူကြိုက်များ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။နုပျိုလွန်းတာကြောင့် ” သွားသေးသေးလေးနဲ့ ကိုကြာနု” လို့ တောင် ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြပါသေးတယ်။မင်းမော်ကွန်း ဟာ “နှလုံးလှ လူမိုက်” ကားနဲ့အမျိုးသားဇာတ်ဆောင်ဆုကိုထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။

မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မင်းမော်ကွန်း ဟာလက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတာကြောင့် လွတ်မြောက်နယ်မြေကို တိမ်းရှောင်ခဲ့ပြီးအခုအချိန်မှာ တော်လှန်ရေးအတွက် ထောက်ပို့တာဝန်ယူဖို့အတွက် သြစတေးလျနိုင်ငံကို ရောက်ရှိနေပြီး အစွမ်းကုန်ကူညီနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

သူဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေစဉ်အတွင်းလဲ ကျရာတာဝန်များကို ထမ်းဆောင်နေတာကိုလဲ တွေ့ရပါတယ်။ယုံကြည်ချက်ပြင်းထန်လွန်းတဲ့ မင်းသား မင်းမော်ကွန်း ဟာ အာဏာရှင်ကို အပြီးတိုင်တိုက်ထုတ်ဖို့ ကြိုးစားအားထုတ်နေတာလဲဖြစ်ပါတယ်။

ဒါကြောင့်လဲ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ တော်လှန်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ မင်းသား မင်းမော်ကွန်း ရဲ့ နာမည်အရင်းက ကျော်ကျော်ဌေးလွင် ဖြစ်ပါတယ်။မင်းမော်ကွန်း ဆိုတဲ့ အနုပညာနာမည်နဲ့ ရုပ်ရှင်လောကဝင်ဖြစ်ခဲ့တဲ့အကြောင်းအရင်းကို ပြောပြသွားခဲ့ပါတယ်။
၈၈ ကျောင်းသားမျိုးဆက်ဖြစ်တဲ့ ကိုမင်းကိုနိုင် ကိုအားကျတဲ့အနေနဲ့ နာမည်အစမှာ “မင်း”ပါအောင် မင်းမော်ကွန်း ဆိုတဲ့ နာမည်ကို မှည့်ခဲ့ပြီး အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
Credit