မွေးကင်းစအရွယ်လေးမှာတင် ကြော်ငြာတွေရိုက်ကူးနေရပြီဖြစ်တဲ့ သမီးလေးအမရာရဲ့ပုံရိပ်လေးကိုပြသလာတဲ့ အိမ့်ချစ်

အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်ပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက် အနေနဲ့ ရပ်တည်နေသူကတော့ အိမ့်ချစ်ပဲ ဖြစ်ပါတယ် ။ အိမ့်ချစ်က အသံကောင်းသလို သီချင်းဆိုလိုက်တိုင်းမှာလည်း နားဆင်သူတွေရဲ့ ရင်ထဲထိရောက်အောင် သီဆိုနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။အိမ့်ချစ်ကတော့ အလွမ်းအဆွေးစတဲ့ ဂီတအမျိုးအစားများစွာကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိပြီး အောင်မြင်နေသူတစ်ယောက် ဆိုလည်း မမှားပါဘူး ။








ဒါ့အပြင် အခုဆိုရင် သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးလေးကိုလည်း လေလျှောက်လှမ်းလျက် ရှိပါတယ် ။မကြာခင်ရက်ပိုင်းကမှ ချစ်စရာအရမ်းကောင်းတဲ့ သမီးလေး အမရာကိုလည်း အောင်မြင်စွာ မွေးဖွားခဲ့တာကိုလည်း တွေ့ရပါတယ် ။








ဒီနေ့မှာတော့ အဆိုတော် အိမ့်ချစ်က သမီးဦးလေး အမရာ ကြောငြာတွေ ရိုတ်ကူးနေတဲ့အကြောင်း ပုံလေးတွေနဲ့ တင်ပေးလာတာဖြစ်ပါတယ်။အိမ့်ချစ်က မီးမီး အမရာ လေးကဒီနေ့ ကြော်ငြာမင်းသမီးလေးပါရှင်ဆိုပြီး ပုံလေးတွေ တင်ပေးလာတာဖြစ်ပါတယ်။မွေးဖွားလာတာမကြာသေးမယ့် ကြော်ငြာတွေရိုက်ကူးနေရပြီဖြစ်တဲ့ အမရာလေးရဲ့ပုံရိပ်လေးကို ပရိတ်သတ်တွေအတွက်တစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်။








Credit