လူအသက်၂ ချောင်းကိုကယ်တင်ပြီး မွန်မြတ်တဲ့အလှူဒါနလေးပြုလုပ်ခဲ့တဲ့ဆောင်းယွန်းစံ
|ပရိသတ်ကြီးရေ ဆောင်းယွန်းစံကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မော်ဒယ်လ် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ဆောင်းယွန်းစံကတော့ အလှူအတန်းတွေကိုရက်ရောစွာပြုလုပ်တတ်တာကြောင့် ပရိသတ်တွေအချစ်ပိုနေရပါသေးတယ်။

ဒီနေ့မှာလည်း ဆောင်းယွန်းစံကတော့ လူ့အသက် (၂)ချောင်းကို ကယ်တင်နိုင်ခဲ့တဲ့ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် မီးဖွားစရိတ်လှူဒါန်းပေးခဲ့တာဖြစ်ပြီး ဆောင်းယွန်းစံကတော့ ဒီသမီးလေး မွေးဖို့အတွက် မမွေးခင်တစ်လထဲကစပြီး ခွဲစိတ်မွေးပြီးသည့်အထိ လိုအပ်တဲ့ စရိတ် အကုန် လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဆောင်ယွန်းစံကတော့ အခုလို မီးဖွားစရိတ်လှူဒါန်းပေးနေခဲ့တာကတော့ အခုတစ်ခေါက်နဲ့ ဆိုရင်လေးကြိမ်မြောက်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဆောင်းယွန်းစံရဲ့ အလှူလေးကတော့ တကယ်ကို မွန်မြတ်ပြီး သာဓုအကြိမ်ကြိမ်ခေါ်ဆိုရလောက်အောင်ကို မွန်မြတ်လွန်းလှပါပေတယ်နော်။

Credit