လက်စတာ စီတီး နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက် 🔵 VS 🔴
|ကြာသာပတေးနေ့ည ၁နာရီခွဲမှတော့ မန်ယူအသင်းဟာ လက်စတာအိမ်ကွင်းကို သွားရောက်ကစားရမှာဖြစ်ပါတယ်။မန်ယူအသင်းဟာ အဖွင့်နှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက် လီဗာပူး၊ဆောက်သမ်တန်တို့ကို နှစ်ပွဲဆက် အနိုင်ယူပြီး ခြေစွမ်းကောင်းပြနေပါတယ်။
ဆောက်သမ်တန် ကို ကပ်ပြီး နိုင်ခဲ့တဲ့ပွဲမှာ ယူနိုက်တက် ကို ကံဖေးမခဲ့ ပါတယ် ။ ဘာလို့လည်း ဆိုတော့ သူတို့ ကစားခဲ့တဲ့ ပုံက ၃ မှတ် မရခဲ့သင့်လို့ ပါပဲ ။ အခုပွဲမှာတော့ သူတို့ ၂ ခါ ဆက်တိုက် ကံမကောင်း နိုင်တော့ဘူး ထင်ပါတယ် ။
၁ ယောက်လျော့ ချဲလ်ဆီး ဆီကနေ တမှတ်မှ ရအောင် မယူနိုင်ခဲ့တာက လက်စတာ ကို စိတ်ပျက် နေစေမှာပါ ။ ဒီ စိတ်ပျက် ခံပြင်းမှုတွေက ယူနိုက်တက် ကို အခက်တွေ့ စေပါလိမ့်မယ် ။
ဖိုဖာနာ မပါနိုင်တော့ ပေမယ့် တီလေမန်းစ် ၊ မက်ဒီဆင် ၊ ဟာဗေးဘန်းစ် တို့က လက်စတာ ကို ဆက်ပြီး ထောက်ပံ့ပေးနေဦးမှာပါ ။ ဗာရန်း ရဲ့ ကြံ့ခိုင်မှုကို စဉ်းစားပြီး တန်ဟတ် အနေနဲ့ ဒီပွဲမှာ မက်ဂွဲယား ကို ပြန်သုံးကောင်း သုံးနိုင်ပါတယ် ။ ဒါဆိုရင်တော့ သေချာပေါက် လက်စတာ ကို ဂိုးပေးရမှာပါ ။
၂ သင်းစလုံး ဂိုးသွင်းနိုင်မယ် ၊ သရေကျဖို့များတယ် ။ တသင်းသင်းက နိုင်ခဲ့ရင်လည်း ၁ ဂိုးထပ် ပိုမပြတ်နိုင်ပါဘူး ။ပေါလ်မာဆင်ကတော့ လက်စတာနဲ့မန်ယူအသင်းဟာ ၂-၂နဲ့သရေကျသွားလိမ့်မယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။
credit