ပြောင်းရွှေ့သွားတဲ့ ယူနိုက်တက်ကစားသမားအပါဝင် နောက်ဆုံးရ ပြောင်းအရွှေ့များ…

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ညာနောက်ခံလူ ဘစ္စကာကို အသင်းမှာပဲ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဘာစီလိုနာ ညာနောက်ခံလူ ဆာဂျီနို ဒက်စ်ကို ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါကြောင့် ဆာဂျီနိုဒက်စ်က ဗီလာရီးရဲလ်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ နီးစပ်သွားပါပြီ။




ယနေ့မနက် အစောပိုင်းမှာပဲ ချယ်လ်ဆီးကို အနိုင်ရထားတဲ့ ဆောက်သမ်တန်က အာဆင်နယ်ရဲ့ စွယ်စုံရ ကွင်းလယ်လူ မစ်လန်တန် နိုင်းလ်ကို တရာသီအငှား + ရာသီကုန်ရင် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ပြောကြားသွားပါတယ်။




ဒါ့အပြင် ဆောက်သမ်တန်က မန်ချက်စတာ စီးတီးရဲ့ လူငယ်ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ အီဒူဇီနဲ့ လာရီယို့စ်တို့ နှစ်ဦးကို အပြီးသတ် ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပြီး မန်ချက်စတာ စီးတီးက အီဒူဇီနဲ့ လာရီယို့စ်တို့ နှစ်ဦးစလုံး အတွက် ပြန်လည် ခေါ်ယူခွင့် အချက်အလက်ကို ထည့်သွင်းခဲ့ကြောင်းလည်း ရိုမာနိုက ဆိုထားပါတယ်။




အဲဗာတန်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်ကွင်းလယ်လူ ဂျိမ်းစ်ဂါနာကို စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်းနဲ့ ၂၀သန်း ဝန်းကျင် ရှိတဲ့ ပမာဏတရပ်နဲ့ ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ သဘောတူညီမှု ရခဲ့ပြီး ဂျိမ်းစ်ဂါနာရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ဂါနာနဲ့ သဘောတူညီမှုသာ ရယူရန် လိုအပ်တော့ကြောင်း သိရပါတယ်။




လိဒ်ယူနိုက်တက်က သူတို့အသင်းရဲ့ တောင်ပံ ကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို စပါးထံ တရာသီအငှား + အပြီးသတ် ပြောင်းရွှေ့ခွင့်နဲ့ ပြောင်းရွှေ့ခွင့် ပေးရဖို့ နီးစပ်နေပြီးနောက် ဒန်နီရယ်ဂျိမ်းစ်ရဲ့ နေရာအတွက် ဝုဗ်တိုက်စစ်မှူး ဟွမ်ဟီချန်ကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြသွားခဲ့ပါတယ်။




ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးက ပြင်သစ် လူငယ် ဗဟိုခံစစ်မှူး ဖိုဖာနာကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။ချယ်လ်ဆီးက ဖိုဖာနာအတွက် လက်စတာ စီးတီးထံ စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်း ဝန်းကျင် ပေးချေခဲ့ရပြီး ဖိုဖာနာကိုတော့ ၇နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုသွားခဲ့ပါတယ်။ဖိုဖာနာကို ခေါ်ယူနိုင်ခဲ့မှု အပေါ် ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလီက – “ဝက်စ်လေက သူ့ရဲ့ အရည်အသွေးကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကောင်းကောင်းကြီး သက်သေပြထားနိုင်တဲ့ အလားအလာရှိ လူငယ် ဗဟိုခံစစ်မှူး တဦးပါ။ ဒါကြောင့် ကျွန်တော်တို့က အသင်းအတွက် ဥရောပရဲ့ အလားအလာ အကောင်းဆုံး လူငယ် ကစားသမား တဦးကို ခေါ်ယူနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်




credit