ဇယားအောက်ဆုံးကလက်စတာကို အနိုင်ယူပြီး ၃ပွဲဆက်အနိုင်ယူမယ့် မန်ယူအသင်းရဲ့ ပွဲထွက်ကစားသမားနဲ့ ပွဲကြိုသုံးသပ်ချက်
|မန်ယူအသင်းဟာ ကြာသာပတေးနေ့ည ၁နာရီခွဲမှာ လက်စတာအိမ်ကွင်းကို သွားရောက်ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။မန်ယူအသင်းဟာ အဖွင့်ပွဲ၂ပွဲဆက် ရှုံးခဲ့ပေမယ့် လီဗာပူးနဲ့ ဆောက်သမ်တန်တို့ကို နှစ်ပွဲဆက်အနိုင်ယူထားပြီး ခြေစွမ်းကောင်းတွေပြထားနိုင်ပါတယ်။
ဒါပေမယ့် နောက်ဆုံးကန်ခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာတော့ အနိုင်ဂ်ုးရတာနဲ့ ခံစစ်ကို ဦးစားပေးဆော့ခဲ့တာကြောင့် ဆောက်သမ်တန်ရဲ့ ဖိအားပေးတိုက်စစ်ဆင်မှုကိုခံခဲ့ရပါတယ်။ဒါပေမယ့် အနိုင်ရဖို့အရေးကြီးတာဖြစ်လို့ တန်ဟန်ရဲ့ နည်းဗျူဟာကအသုံး၀င်ခဲ့ပါတယ်။
လက်စတာနဲ့ပွဲမှာလည်း ဒီလိုနည်းဗျူဟာကိုပဲအသုံးပြုလာနိုင်ပါတယ်။ဂိုးသမားဒီဂီယာ၊ခံစစ်မှာ မာလာစီယာ၊ဗာရိန်း၊မာတီနက်ဇ်၊ဒါလော့ဒ်တို့ကိုပဲ ဆက်လက်အသုံးပြုလာနိုင်ပါတယ်။
ကွင်းလယ်မှာတော့ တော်မီနေးနေရာမှာကပ်စမဲရိုးကိုအသုံးပြုလာနိုင်ပြီး ဖာနန်ဒတ်နဲ့ အဲရစ်တို့ကိုတော့ဆက်လက်အသုံးပြနိုင်ပါတယ်။တိုက်စစ်မှာတော့ အီလန်ဂါ၊ရက်ဖို့ဒ်နဲ့ဆန်ချိုတို့ကိုပဲဆက်လက်အသုံးပြုမှာဖြစ်ပါတယ်။
လက်စတာကလည်း ဒီရာသီမှာတပ်ပျက်နေတာဖြစ်ပြီး ဇယားအောက်ဆုံးရပ်တည်နေတာကာ ခုချိန်ထိနိုင်ပွဲမရသေးတဲ့အထိ အခြေအနေဆိုးနေတာပါ။ချဲလ်ဆီးနဲ့ကန်ခဲ့တဲ့ပွဲမှာဆိုရင် ချဲလ်ဆီးအသင်းရဲ့ ၁ယောက်လျော့အခြေအနေကိုတောင် အခွင့်အရေးမယူနိုင်ပဲ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မန်ယူအသင်းက ဒီပွဲမှာ ခြေစွမ်းကောင်းကောင်းနဲ့သာထိန်းကစားခဲ့ရင် အနိုင်ရလဒ်ကမန်ယူအတွက်ပ့ပဲ။မန်ယူအသင်းအနေနဲ့လက်စတာကို ၀-၂ ဆိုတဲ့ရလဒ်နဲ့အနိုင်ရသွားပါလိမ့်မယ်။
credit