ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့တဲ့ အန်တိုနီကို ဂုဏ်ပြုရင်း စံချိန်တင် ပြောင်းရွှေ့ကြေးအပေါ် မှတ်ချက်ပေးလိုက်တဲ့ တင်းဘား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပစ်မှတ် ကစား သမားဟောင်း တစ်ဦးဖြစ်တဲ့ ဂျူရီယန် တင်းဘား က သူ့ရဲ့ အသင်းဖော် အန်တိုနီ ဟာ အိုးလ် ထရပ်ဖို့ဒ် ဆီ ပြောင််းဖို့ ထိုက်တန်ကြောင်း ချီးကျူးရင်း ဒါက ကောင်းမွန်တဲ့ အပြောင််းအရွှေ့ တစ်ခုပဲလို့ မှတ်ချက်ပေးခဲ့လိုက်ပါတယ် ။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင််းကပဲ ဘရာဇီး လက်ရွေးစင် တောင်ပံ တိုက်စစ် ကစား သမားဖြစ်သူ အန်တိုနီကို ပေါင် 85 သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ အေဂျက်ဇ် အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာပဲ ဖြစ််ပါတယ် ။




ဒါပေမဲ့ စာရွက်စာတမ်း ကိစ္စ ဆက်လက် ဆောင်ရွက်ဖို့ ကျန်ရှိနေသေးတဲ့အတွက် အန်တိုနီဟာ တရားဝင် ယူနိုက်တက် ကစားသမား ဖြစ်မလာသေးပါဘူး ။ ဒီမတိုင်ခင်တုန််းက ယူနိုက်တက်တို့ဟာ အေဂျက်ဇ် နောက်ခံလူ တင်းဘားကို ခေါ်ယူဖို့လည်း ပစ်မှတ်ထားခဲ့ကြပါသေးတယ် ။




ဒါပေမဲ့ နယ်သာလန် နည်းပြ လူးဝစ် ဗန်ဟားလ်က ပုံမှန် ပွဲထွက်ခွင့် မရရင် ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ကစားခွင့် ပေးသွားမှာ မဟုတ်ကြောင်း သတိပေးခဲ့တဲ့နောက်မှာတော့ တင််းဘားဟာ အေဂျက်ဇ် မှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်သွားခဲ့တာပဲ ဖြစ်ပါတယ် ။




ဒါ့ကြောင့် အဲရစ် တန်ဟတ်ဟာ တပည်းဟောင်း မာတီနက်ဇ်ကို ခေါ်ယူဖို့ ဆက်လက်ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ အန်တိုနီလည်း မန်ချက်စတာကို ရောက်လာခဲ့ပါပြီ ။ ထို့အတူ တင်းဘား ကလည်း ဒီအပြောင်းအရွှေ့ဟာ အသင်းဖော်အတွက် ကောင်းမွန်ကြောင်း ပြောလိုက််ပါတယ် ။




” ဒီအပြောင်းအရွှေ့ဟာ သူ့အတွက် ကောင်းမွန်တယ်လို့ ထင်မိပါတယ် ။ ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ စျေးနှုန််း တစ်ခုနဲ့ ကောင်းမွန်တဲ့ နောက်တစ်ဆင့် တက်ရောက်ခြင််း ဖြစ်သွားခဲ့ရပါတယ် ။ သူဟာ ပုံစံကောင်းတွေ ပြနိုင်ခဲ့တဲ့အတွက် ဒီအပြောင်းအရွှေ့နဲ့ ထိုက်တန်လှပါတယ် ” လို့ ပြောလိုက်ပြီး သူ့ကိုပါ စျေးကြီးကြီးနဲ့ ခေါ်ရင်လို့ အမေးခံရချိန်မှာ …

” အဲ့လိုဆိုရင် သိပ်ကောင်းတာပေါ့ဗျာ ။ အိပ်မက်တွေက တကယ်် ဖြစ်လာတယ် ပြောရမှာပေါ့ ” လို့ ပြောလိုက်ပြီး အန်တိုနီရဲ့ နေရာကို အစားထိုးရေး အကြောင်း အမေးခံလိုက်ရတဲ့ အခါမှာတော့…

” ကျွန်တော်တို့ အဖွဲ့ထဲမှာ ကစားသမားကောင်းတွေ အများကြီိး ရှိနေတယ်လို့ ထင်ပါတယ် ။ သူ့ရဲ့ နေရာကို အစားထိိုးမလား ဆိုတာကတော့ အေဂျက်ဇ် အသင်းပေါ်မှာပဲ မူတည်ပါတယ်။ သူထွက်သွားတာနဲ့ ပတ်သက်လို့ ကျွန််တော်တို့လည်း ခံစားချက်တွေ ရှိကြတာပေါ့ဗျာ ”




” ဒါပေမဲ့ လူခေါ်ခေါ် မခေါ်ခေါ် ကျွန်တော်တို့ကတော့ အကောင််းဆုံး ရှေ့ဆက်နိုင်ဖို့ ကြိုးစားရမှာပါပဲ ” လို့ တင်းဘားက ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။ လက်ရှိ အချိန်မှာတော့ အေဂျက်ဇ် ကစားသမားဟောင်း ဖြစ်တဲ့ ဟာကင်မ် ဇီယက်ချ် ဟာ အန်တိုနီရဲ့ နေရာကို အစားထိုးနိုင်ခြေ များနေပါတယ် ။

crd