ကောင်းမွန်တဲ့ခံစစ်အတွဲ ၊ကာကွယ်မှုအပြည့်နဲ့ လက်စွမ်းပြသခဲ့တဲ့ ဒီဂီယာ၊လှပတဲ့အနိုင်သွင်းဂိုးရယူပေးခဲ့တဲ့ဆန်ချို စတဲ့ ပွဲပြီးပြောစရာအချက်အလက်များ…
|မန်ယူကတော့ ဆန်ချိုရဲ့ ဂိုးနဲ့အတူ ၃ ပွဲဆက် နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကတော့ ဒီပွဲမှာ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာ ရက်ဖို့ဒ်၊ ဆန်ချို ၊ ဖာနန်ဒက်စ်၊ အီလန်ဂါတို့ကို တွဲပေးခဲ့ပြီး ကွင်းလယ်မှာ အဲရစ်ဆင်နဲ့ တွမ်မီနေးတို့ကို အသုံးပြုခဲ့ပါတယ်။
နောက်တန်းမှာတော့ မာလာစီယာ၊ မာတီနက်ဇ်၊ ဗာရန်း၊ ဒါလော့တို့ကို ကစားစေခဲ့တာပါ။ အိမ်ရှင်လက်စတာအနေနဲ့ ၄-၁-၄-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး ဗာဒီ၊ ဂျွန်ဘန်းစ်၊ တိုင်လေမန့်စ်၊ မက်ဒီဆန်၊ ဆိုမာရေ့စ်၊အီဗန်စ်၊ အန်ဒီဒီတို့ စုဖွဲ့မှုနဲ့ မန်ယူကိုရင်ဆိုင်ခဲ့ပါတယ်။
မန်ယူဟာ ပွဲအစပိုင်းမိနစ်တွေမှာ ကစားပုံ အစတည်မရဖြစ်ခဲ့ရပြီး အထနှေးခဲ့ပါတယ်။ နိုင်ပွဲပျောက်ဆုံးနေပြီး ဖိအားတွေအောက် ရောက်နေတဲ့ အိမ်ရှင်လက်စတာဟာ ပွဲအစပိုင်း မိနစ်တွေမျာကစားအားကောင်းကောင်းနဲ့ မန်ယူဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ မန်ယူအသင်းက ကစားကွက်ပိုင်း စိုးမိုးမိသွားပြီး ပိုကောင်းလာခဲ့ပါတယ်။ နည်းပြတန်ဟတ်ရဲ့ ကစားကွက်အောက်မှာ မန်ယူတို့ တဖြည်းဖြည်း ပိုအသားကျလာခဲ့သလို ဒီပွဲမှာလည်းခြေစွမ်းပိုင်း ကျေနပ်စရာပါ။ ပွဲချိန် ၁၀ မိနစ်မှာ အဲရစ်ဆင် ဂိုးကန်သွင်းချက်တစ်ကြိမ် ရခဲ့ပေမဲ့ ဘေးထွက်သွားခဲ့ုလိ့ နစ်နာခဲ့ရပါတယ်။
၂၃ မိနစ်မှာတော့ မန်ယူတို့ လိုအပ်နေတဲ့ ဦးဆောင်ဂိုးကို ရရှိခဲ့ပြီး ရက်ဖို့ဒ်ရဲ့ အလိုက်သင့် ဖန်တီးပေးမှုကို ဆန်ချိုက ဂိုးသမားကိုပါ လိမ်ခေါက်ပြီး သွင်းယူခဲ့တာပါ။ ဆန်ချိုကတော့ မန်ယူရဲ့ ဂိုးသွင်းလက်နက်တစ်ခုလိုဖြစ်လာပြီး သူသာ ခြေစွမ်းပြနိုင်ရင် မန်ယူရဲ့တောင်ပံတိုက်စ်တွေက အားရစရာကောင်းတာ တွေ့ရပါတယ်။
အီလန်ဂါကတော့ စိတ်ရှည်ချင်စရာမကောင်းတော့ဘဲ ဒီပွဲမှာလည်း ခြေစွမ်းပိုင်းက အားရစရာမရှိပါဘူး။ ကွင်းလယ်မှာ အဲရစ်ဆင်နဲ့ တွဲကစားလို့လားမသိ။ တွမ်မီနေးကပါခြေစွမ်းပိုင်းလိုက်တက်လာတာ တွေ့ရပါတယ်။ ဦးဆောင်ဂိုး ရသွားပြီးတဲ့နောက် မန်ုယူတို့ ပွဲကိုထိန်းချုပ်နိုင်ဖို့ ပိုမိုဦးစားပေးခဲ့ပါတယ်။
ဒီပွဲမှာ မန်ယူခံစစ်ကြောင်းကလည်း တည်ငြိမ်တဲ့ပုံစံကို ပြသခဲ့ပြီး လက်စတာတိုက်စစ်ကို တည်တည်ငြိမ်ငြိမ် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ လက်စတာတိုက်စစ် ကစားသမားတွေရဲ့ချိတ်ဆက်မှုပိုင်းအားနည်းခဲ့ပြီးအဝေးကန်ချက်တွေနဲ့သာ မန်ယူဂိုးပေါက်ကို ခြိမ်းခြောက်နေရပါတယ်။
ဒုတိယပိုင်းမှာ တစ်ဂိုးအသာရထားတဲ့ မန်ယူဟာ ခံစစ်ကို ပိုမိုဦးစားပေးခဲ့ပါတယ်။ ဒုတယိပိုင်းမှာတော့မန်ယူရဲ့ ကစားပုံက အားရစရာမကောင်းခဲ့ဘဲ ယက်ကန်ယက်ကန်ဖြစ်နေခဲ့ရပါတယ်။ လက်စတာကပြီးခဲ့တဲ့နှစ်တွေအတိုင်း ပုံစံဆိုရင် ဒုတိယပိုင်း ကစားပုံနဲ့ မန်ယူမလွယ်ပါဘူး။
ကက်စမဲရိုး ဝင်လာခဲ့ပြီးနောက် မန်ယူရဲ့ကွင်းလယ်ပိုင်းက တည်ငြိမ်ခဲ့ပြီး ၆၈ မိနစ်မှာ စီရော်နယ်ကို ထည့်သွင်းခဲ့ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ လူစားလဲဝင်လာခဲ့ပြီးနောက် အခွင့်အရေး ၂ ကြိမ်လောက်ရခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ပါဘူး။ လက်စတာကလည်း ပွဲပြီးခါနီးအထိ တိုက်စစ်ကစားပုံညံ့ဖျင်းခဲ့ပြီး အခွင့်အရေးတွေကိုလည်း ငှက်ပစ်နေခဲ့လို့ မန်ယူတို့ ၃ ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။crd