ယူနိုက်တတ်တို့ ၃ပွဲဆက်နိုင်နေရတဲ့အဓိကအကြောင်းအရင်းနဲ့အချက်အလက်များ…..

ရာသီအစနှစ်ပွဲဆက်တိုက်ရှုံးနိမ့်အပြီးမှာ ယူနိုက်တက်နည်းပြတန်ဟက်ဂျ်က ခံစစ်ပိုင်းကို အပြောင်းအလဲတွေလုပ်ခဲ့ပါတယ်။ မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ကို အရန်ခုံပို့လိုက်ပြီး ဗာရန်းကို မာတီနက်ဇ်နဲ့ တွဲပေးတယ်၊ မာလာစီယာကို ပွဲထုတ်ခဲ့ပါတယ်။ ဒါလော့ကိုတော့ ပုံမှန်ဆက်ကစားခိုင်းခဲ့ပြီး သူ့ခံစစ်တန်းကို အပြောင်းအလဲတွေလုပ်ပါတယ်။ ဒီနောက်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ပါတယ်။




သူပြောင်းလဲလိုက်ပြီးနောက်မှာ လီဗာပူးလ်ကိုနိုင်တယ်၊ ဆောက်သမ်တန်နဲ့ လက်စတာကိုလည်း ဆက်တိုက်အနိုင်ရခဲ့ပါတယ်။ အဲဒီ ၃ပွဲမှာ ပေးဂိုး ၁ ဂိုးပဲရှိခဲ့ပြီးတော့ တော်တော်လေးက​ျေနပ်စရာရလဒ်တွေကို ပိုင်ဆိုင်သွားခဲ့တာပါ။ ကစားပုံက ဒုတိယပိုင်းမှာဆို အားရဖို့မကောင်းပေမယ့် ယူနိုက်တက်က ခံစစ်ပိုင်းမာကျောမှုသိသိသာသာအားကောင်းလာပြီး ဂိုးသွင်းရခက်လာတယ်လို့ ယေဘုယျအားဖြင့် ပြောလို့ရပါတယ်။




ဗာရန်းနဲ့မာတီနက်ဇ်တို့အတွဲအဖက် အတူတူကစားချိန်ကစပြီး ရှုံးပွဲမရှိခဲ့တာပါ။ ဆိုခဲ့တဲ့အတိုင်း​ ပေးဂိုးကလည်း တဂိုးသာရှိခဲ့ပြီး နောက်ဆုံးနှစ်ပွဲဆက်တိုက် Clean Sheet ရခဲ့ပါတယ်။ ဒီဂီယာအတွက်လည်း တော်တော်လေးဝန်ပေါ့သွားပြီး ဂိုးပေါက်ကိုပဲ ပိုအာရုံစိုက်လာနိုင်ခဲ့လို့ သေချာပေါက်ပေးရနိုင်တဲ့ ဂိုးတွေကို ကာကွယ်နိုင်မှုစွမ်းရည်ကို အရင်လိုပြန်မြင်လာရပါတယ်။




တနင်္ဂနွေနေ့မှာ သူတို့က ခြေစွမ်းပြနေတဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ရတော့မှာပါ။ အာဆင်နယ်က နေရာစုံကနေ ဂိုးသွင်းနိုင်တဲ့ အသင်းဖြစ်နေပြီး ယူနိုက်တက်ခံစစ်ကို သေချာပေါက်ဖိအားပေးနိုင်ဦးမှာပါ။ ဒါကို မာတီနက်ဇ်နဲ့ဗာရန်းတို့ ဟန့်တားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ယူနိုက်တက်က နိုင်ပွဲတွေပြန်ရပြီး စိတ်ဓာတ်ပိုင်းအားအကောင်းဆုံးဖြစ်နေချိန်၊ အာဆင်နယ်ကလည်း ခြေစွမ်းအက​ောင်းဆုံးဖြစ်နေချိန်မှာ တွေ့ဆုံမှာမို့ အကြိတ်အနယ်၊ ပွဲကြီးပွဲကောင်းဖြစ်လာမှာတော့ သေချာပါတယ်။




crd