ခိုစာရောင်းကာ ဝမ်းရေးဖြေရှင်းနေတဲ့ အဖွား(၂)ယောက်ကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်
|ပရိသတ်ကြီးရေ မိုးစက်လို့ပြောလိုက်တာနဲ့ သမာအာဇီဝကျကျ ဝမ်းရေးဖြေရှင်းနေတဲ့ သက်ကြီးရွယ်အိုတွေကို ကူညီထောက်ပံ့နေတာလို့ ပရိသတ်တွေ ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ မိုးစက်ကတော့ အလှူရှင်တွေနဲ့ စုပေါင်းပြီး တကယ်ခက်ခဲနေတဲ့ အဖိုးအဖွားတွေကို လိုက်လံကူညီပေးနေခဲ့သူပါ။
မနေ့က စက်တင်ဘာလ(၁)ရက်နေ့မှာလည်း မိုးစက်ကတော့ သူ့ရဲ့လုပ်နေကြအတိုင်း သမာအာဇီဝကျကျ ဝမ်းရေးဖြေရှင်းနေတဲ့ အဖွားနှစ်ယောက်ကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ အဖွားနှစ်ယောက်ကတော့ ဝမ်းရေးအတွက် ခိုစာလေးတွေရောင်းပြီး သမာအာဇီဝကျစွာနဲ့ ဖြေရှင်းနေခဲ့တာပဲဖြစ်ပါတယ်။
အဖွားနှစ်ယောက်ကတော့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ် သွေးဆေးကန် ထိပ်မှာ ခိုစာလေးတွေရောင်းတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မိုးစက်ကတော့ အဖွားတစ်ယောက်ကို (၁)သိန်းကျပ်ဆီ ကူညီထောက်ပံ့ပေးခဲ့တာပဲဖြစ်ပါတယ်။
Source – Moe Sat
Shorts Feelings
-Zawgyi Font ဖြင့် ဖတ်ရန်-