အဆင်မပြေနေလည်း ကလေး(၂)ယောက်အတွက် ရုန်းကန်နေမှာပဲဆိုတဲ့ နန်းမြတ်ဖြိုးသင်း
ပရိသတ်ကြီးရေ နန်းမြတ်ကတော့ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ နန်းမြတ်ကတော့ လက်ရှိခင်ပွန်းဖြစ်သူမရှိတော့တဲ့ နောက်ပိုင်းမှာ သားလေးနဲ့ သမီးလေးတစ်ယောက်ကို အဖေလိုတစ်မျိုးအမေလိုတစ်မျိုးနဲ့ မိခင်ကောင်းပီသစွာရပ်တည်နေခဲ့ပါတယ်။
နန်းမြတ်ကတော့ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားချိန်မှာ အကြီးမားဆုံးဘဝရဲ့ ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရပေမဲ့ မားမားမတ်မတ်နဲ့ သားနဲ့ သမီးအတွက် သူ့ရဲ့ ဘဝကို အကောင်းဆုံးအနေနဲ့ ရပ်တည်နေခဲ့ပါတယ်။ နန်းမြတ်ရဲ့ ရဲရင့်မှုနဲ့ သားနဲ့ သမီးအပေါ်မှာ ထားရှိတဲ့ မိခင်ပီသလှတဲ့ စိတ်ဓာတ်နဲ့ လုပ်ရက်ကြောင့် ပရိသတ်တွေကတောင် နန်းမြတ်ကို ချီးကျူးနေခဲ့ကြပါသေးတယ်။
နန်းမြတ်က သူကိုယ်တိုင်လည်း အဆင်မပြေအခက်အခဲတွေနဲ့ ကြုံနေရပေမဲ့ သားနဲ့သမီးနှစ်ယောက်အတွက် အမြဲရုန်းကန်နေမှာပါပဲဆိုပြီး ကလေးတွေအတွက် မိခင်စိတ်အပြည့်နဲ့ ဘဝကို ဆက်လက်ရပ်တည်နေဖိုက ခံယူထားပါတယ်တဲ့။ ပရိသတ်ကြီးရေ နန်းမြတ်ကတော့ တကယ်ကို လေးစားစရာပါပဲနော်။
Source – Nann Myat Phyo Thinn
-Zawgyi Font ဖြင့် ဖတ်ရန်-