ရှုံးပွဲလုံးဝမရှိသေးတဲ့ အာဆင်နယ်ကို အရှုံးဆိုတာဘာလဲသိအောင် လမ်းပြပေးမလား ဒါမှမဟုတ် ၃ပွဲဆက်အနိုင်နဲ့ပဲ ယူနိုက်တက်တို့ကျေနပ်သွားမလား စတဲ့ ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက်မျာစုစည်းမှု

ဒီရက်သတ္တပတ်ကုန်မှာတော့ စိတ်၀င်စားစရာပွဲကောင်းတွေက စောင့်မျှော်နေပြီး လီဗာပူး နဲ့ အဲဗာတန် တို့ရဲ့ မာဆေးဆိုက်ဒါဘီ ၊ ပုံစံကောင်းရနေတဲ့ မန်ယူနိုက်တက် vs အာဆင်နယ် ပွဲစဉ်နဲ့ ချဲလ်ဆီး vs ၀က်ဟမ်း တို့ရဲ့ လန်ဒန်ဒါဘီ ပွဲစဉ်တွေကို ပရိတ်သတ်တွေကို ဖြေဖျော်မှု အပြည့် ပေးနိုင်မှာ ဖြစ်ပါတယ်။ အီဗရာက ဒီတစ်ပတ်ပွဲစဉ်တွေကို ယခုလိုပဲ ခန့်မှန်းပေးသွားခဲ့ပါတယ်။




အဲဗာတန် vs လီဗာပူး ။ဒါဟာ မာဆေးဆိုက်ဒါဘီပါ။ ကျွန်တော် လီဗာပူးကိုပဲ ရွေးချယ်မှာပါ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ရာသီက ကောင်းကောင်း စတင်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ သူတို့ဟာ ရာသီအစမှာ ဆိုးဆိုးရွားရွား မကစားခဲ့ပေမယ့်လည်း ရလဒ်တွေက မကောင်းခဲ့တာပါ။ အဲဗာတန်ကတော့ ရုန်းကန်နေရပါတယ်။
သူတို့ဟာ အခုထိ နိုင်ပွဲမရသေးပါဘူး။ ကျွန်တော် လမ်းပတ်အတွက် ၀မ်းနည်းမိပါတယ်။ ဒါဟာ လီဗာပူးနဲ့ ကစားဖို့ အတွက် အဆိုးဆုံးအချိန် ဖြစ်ပါတယ်။ ကလော့ရဲ့ အသင်းဟာ ခြေစွမ်းတည်ငြိမ်ဖို့ ကြိုးစားလျက် ရှိနေပြီး သူတို့ဟာ စီးတီးကို နောက်တစ်ကြိမ် စိန်ခေါ်နိုင်တော့မယ့် ပုံစံပါပဲ။ခန့်မှန်းချက် : အဲဗာတန် ၀-၃ လီဗာပူး




စပါး vs ဖူဟမ် ။ ဖူဟမ်နဲ့ကစားရမယ့် ပွဲတိုင်းဟာ ခက်ခဲမှာပါ။ သူတို့ဟာ အာဆင်နယ်နဲ့ ပွဲစဉ်မှာ ကံမကောင်းခဲ့ပါဘူး။ မီထရိုဗစ်ဟာ ဂိုးတွေ ဆက်တိုက်သွင်းယူနေပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်မှာတော့ ကျွန်တော် တော့တင်ဟမ်ကို ရွေးချယ်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ကွန်တီရဲ့ winning mentality ကို ရရှိနေလို့ပါ။ ကွန်တီဟာ လက်ရှိ ရနေတဲ့ အရှိန်အဟုန်ကောင်းကို ဆက်ထိန်းဖို့ အပြင်းအထန် လုပ်သွားမှာပါ။
ခန့်မှန်းချက် : စပါး ၂-၁ ဖူဟမ်




ချဲလ်ဆီး vs ၀က်ဟမ်း ။စတားလင်းဟာ တူချယ် သူ့ကို ဘာကြောင့် ၀ယ်ယူခဲ့သလဲဆိုတာကို လူတွေကို ပြသနေပါတယ်။ သူဟာ လုံး၀ ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်ပြီး ကျွန်တော်ဟာ သူ့ကို အမြဲတမ်း နှစ်သက်တဲ့သူပါ။ ၀က်ဟမ်းဟာ ဗီလာကို နိုင်ပြီး စပါးကို သရေကျခဲ့ကာ ဒါနဲ့ပက်သက်ပြီး ဒေးဗစ်မိုရက်က သဘောကျနေမှာပါ။ ကျွန်တော်ကတော့ ၀က်ဟမ်းဟာ နောက်ထပ် နိုင်ပွဲတစ်ပွဲကို ရှာဖွေဖို့ အားခဲနေမယ်လို့ ထင်ပါတယ်။ သူတို့ဟာ ဒီပွဲကို မရှုံးအောင်တော့ သေချာပေါက် လုပ်သွားမှာပါ။ ဒါပေမယ့် ချဲလ်ဆီး ကတော့ ဒီပွဲကို နိုင်အောင် ကစားဖို့ကလွဲပြီး အခြား ရွေးချယ်စရာ မရှိပါဘူး။ခန့်မှန်းချက် : ချဲလ်ဆီး ၂-၁ ၀က်ဟမ်




အက်စတွန်ဗီလာ vs မန်စီးတီး ။မန်စီးတီးဟာ ဒီပွဲကို ထုံးစံအတိုင်းပဲ လွှမ်းမိုးကစားဖို့အတွက် ကြိုးစားသွားမှာပါ။ သူတို့ဟာ နိုင်ပွဲတွေ ဆက်တိုက်ရနေပေမယ့် ခံစစ်ကတော့ ပေါက်နေကာ မနှစ်ကလောက် ပြိုင်ဘက်ကို လွှမ်းမိုးနိုင်ခြင်းတော့ မရှိပါဘူး။ ဂွာဒီယိုလာဟာ သူ့အသင်းကို ဟာလန်းရဲ့ ကစားဟန်နဲ့ အသားတကျဖြစ်ဖို့ အလိုရှိနေမယ်လို့ ထင်ပါတယ်။
သူ့ဘက်က ၀န်ခံချင်မှာ မဟုတ်ပေမယ့် ဟာလန်းအတွက် အကောင်းဆုံး အခွင့်အရေးတွေ ရအောင် သူ လုပ်ဆောင်နေမှာပါ။ တဆင့်ချင်းဆီ ဒါဟာ အလုပ်ဖြစ်လာမှာပါ။ ဒီပွဲမှာတော့ ကျွန်တော် စီးတီးကိုပဲ ရွေးချယ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ပွဲကို လွှမ်းမိုးကာ ဗီလာကို ဖိအားတွေ အများကြီး ပေးနိုင်မှာ ဖြစ်လို့ပါပဲ။ခန့်မှန်းချက် : ဗီလာ ၀-၂ မန်စီးတီ




မန်ယူနိုက်တက် vs အာဆင်နယ်။အာဆင်နယ်ဟာ ပုံစံကောင်းမှာ ရှိနေပြီး ရုပ်ဆိုးဆိုးနဲ့လည်း နိုင်ပွဲတွေ ရယူနိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်ကို စိုးရိမ်စေပါတယ်။ ဒီပွဲမှာ ဘယ်အသင်း အနိုင်ရမလဲဆိုတာကတော့ ပြောရခက်ပါတယ်။ ကျွန်တော်ကတော့ မန်ယူနိုက်တက်ကို လက်ရှိ ပုံစံအတိုင်း ဆက်သွားစေချင်ပါတယ်။သူတို့သာ ဒီပွဲကို အနိုင်ရသွားခဲ့မယ်ဆိုရင် ကြီးမားတဲ့ စိတ်အားတက်စရာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ လွယ်လွယ်နဲ့ အရှုံးပေးလိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ဒါဟာ စိတ်၀င်စားစရာ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ကျွန်တော်ကတော့ သရေပွဲလို့ပဲ မြင်မိပါတယ်။ခန့်မှန်းချက် : မန်ယူနိုက်တက် ၁-၁ အာဆင်နယ်




crd