အာဆယ်နယ် အသင်းဟာ မန်ယူနိုက်တတ်အသင်းကို နိုင်မှာမဟုတ်ကြောင်း အကြောင်းအရင်တစ်ခုနဲ့ ရှင်းပြလာ….

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနက်ဖြန် ည ( ၁၀ )နာရီအချိန်မှာ အာဆင်နယ်အသင်းကို အိုးထရတ်ဖို့ဒ်တွင် လက်ခံကစားရဖို့ ရှိနေပါတယ်။




အာဆင်နယ်က လက်ရှိမှာ ပရီးမီးယားလိဂ် ( ၅ ) ပွဲမှာ ( ၅ ) ပွဲစလုံး အနိုင်ရထားတဲ့ တစ်ဦးတည်းသော အသင်းဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ( ၁ ) နေရာမှာ ရပ်တည်နေပါတယ်။




မန်ချက်စတာ ယူနိုက်တက်ဟာ အဖွင့်ပွဲစဉ် ( ၂ )ပွဲဆက် အရေးနိမ့်ခဲ့ပေမယ့် လက်ရှိမှာတော့ လီဗာပူးလ်အပါအဝင် နောက်ဆုံး ( ၃ ) ပွဲဆက် အနိုင်ရထားပြီး အမှတ်ပေးဇယားအဆင့် ( ၅ ) နေရာမှာ ရပ်တည်နေပါတယ်။

ဒါ့အပြင် နောက်ဆုံး ( ၂ ) ပွဲဆက်လည်း clean sheet ရယူထားနိုင်တာ တွေ့ရပါတယ်။ ယူနိုက်တက်အနေနဲ့ အဆိုပါ ပွဲစဉ်မှာ ဒီရာသီအတွင်း ပထမဆုံး အနေနဲ့ အတောင့်တင်းဆုံး ကစားသမားစာရင်းအသုံးပြုလာနိုင်ပါတယ်။




ကက်စမဲရိုးအနေနဲ့ ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရနိုင်သလို အန်တိုနီလည်း ပါဝင်လာနိုင်ပါတယ်။ နောက်ပြီး အာဆင်နယ်က ယူနိုက်တက်ကို အနိုင်ယူဖို့ မဖြစ်နိုင်လောက်တဲ့ အကြောင်းအရာ တစ်ခုရှိနေပါတယ်။

ဘောလုံးဒေတာ ကုမ္ပဏီ OptaJoe ကို ဖန်တီးသူလည်း Orbinho ဆိုတဲ့ တွစ်တာ အကောင့်ပိုင်ရှင် အကြီးစား အာဆင်နယ်ပရိသတ်က “ အာဆင်နယ်ဟာ အိုးထရတ်ဖို့ဒ်မှာ သွားရောက်ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ( ၁၅ ) ပွဲမှာ ( ၁ ) ပွဲပဲ အနိုင်ရထားပါတယ်( ၁ပွဲနိုင် ၊ ၅ ပွဲသရေ ၊ ၉ ပွဲရှုံး)”ဟု ရေးသားထားပါတယ်။




crd