အရှုံးဆိုတာမသိသေးတဲ့ အာဆင်နယ်နဲ့ပွဲစဥ်မှာ အန်တိုနီကို အသုံးပြုသင့်မပြုသင့်ကို ထုတ်ပြောလာတဲ့ တန်ဟက်

နည်းပြအဲရစ်တန်ဟက်ကတော့ အားလုံးက စောင့်မျှော်နေကြတဲ့ တောင်ပံကစားသမားအန်တိုနီကို ဘယ်ပွဲမှာ ပွဲထွက်ခွင့်ပေးမလဲဆိုတာနဲ့ပက်သက်ပြီး ပြောလာခဲ့ပါတယ်။




ယူနိုက်တက်အသင်းဟာ ဆန်ချိုရဲ့တစ်လုံးတည်းသော အနိုင်ဂိုးနဲ့လက်စတာအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဥ်မှာ အန်တိုနီဟာ TVရှေ့ကနေပဲ အားပေးနေခဲ့ပြီး ယူနိုက်တက်အပေါ် ဘယ်လောက်ရူးသွပ်ကြောင်း လူမှုကွန်ရက်ပေါ် တင်ထားခဲ့ပါသေးတယ်။




ယူနိုက်တက်ကို ပေါင်၈၆သန်းနဲ့ရောက်လာတဲ့ အသက်၂၂နှစ်အရွယ် အန်တိုနီအနေနဲ့ လက်တလောပွဲထွက်ခွင့်ရနေတဲ့ အီလန်ဂါနေရာကို နောက်ပွဲတွေမှာ သိမ်းပိုက်တော့မှာဖြစ်ပြီး ယူနိုက်တက်မှာ လကစားဖို့စိတ်အားထက်သန်ခဲ့တာတွေကို အကောင်အထည် ဖော်ခွင့်ရတော့မှာပါ။




အန်တိုနီဘယ်ပွဲမှာ ကစားမလဲဆိုတာနဲ့ ပက်သက်ပြီး လက်စတာနဲ့ပွဲပြီးမှာ တန်ဟက်က အခုလို ပြောခဲ့တာပါ။“ဒီနေ့မှာပဲ သူ့ရဲ့ပထမဆုံးလေ့ကျင့်ရေးလုပ်ပြီးပါပြီ။အသင်းနဲ့လေ့ကျင့်ရေးတွေ ဆက်လုပ်သွားဖို့လည်း ရှိတယ်။တနင်္ဂတွေမှာတော့ အန်တိုနီ၀င်ကစားသွားဖို့ရှိပါတယ်”




“သူ့ကို ခေါ်ယူနိုင်ခဲ့လို့ စိတ်လှုပ်ရှားမိရတယ်။သိပ်ကောင်းတဲ့ ခေါ်ယူမှူပါ။သူ့ရဲ့ စိတ်အားထန်သန်တဲ့ အကျင့်တွေ၊ဂိုးဖန်တီးမှုတွေ၊တိုက်ပွဲ၀င်စိတ်တွေနဲ့ အသင်းကို အားဖြည့်ပေးမှာပါ။တိုက်စစ်ပိုင်းအတွက် အရည်အသွေးရှိတဲ့ကစားသမားတွေ လိုပါတယ်”ဆိုပြီး ပြောသွားခဲ့ပါတယ်။




crd