အာဘွားတွေအပြန်အလှန်ပေးနေတဲ့ ဂျက်လေးနဲ့ ဂျူးလေးရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးကို မျှဝေခဲ့တဲ့ နန်းမြတ်ဖြိုးသင်း
|ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ နန်းမြတ်ကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဗီဒီယိုလေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ဗီဒီယိုလေးကတော့ သူ့ရဲ့သားနဲ့ သမီးရဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။
ဗီဒီယိုလေးထဲမှာတော့ မောင်နှမနှစ်ယောက်က အလွမ်းတွေသည်နေကြပြီး အပြန်အလှန် အာဘွားတွေပေးနေခဲ့တာဖြစ်ပြီး မောင်နှမနှစ်ယောက်ရဲ့ တစ်ယောက်ကို တစ်ယောက်ချစ်ကြပုံကိုကြည့်ပြီး ပရိသတ်တွေက သဘောကျနေခဲ့ကြတာပဲဖြစ်ပါတယ်။နန်းမြတ်ကတော့ အခုလို သားနဲ့ သမီးနဲ့ ချစ်ချစ်ခင်ခင်ရှိနေကြတဲ့ အတွက် ဝမ်းသာပီတိဖြစ်နေရပြီး ကလေးနှစ်ယောက်အလွမ်းသည်နေတာလေးကို ဗီဒီယိုလေးရိုက်ကူးကာ မျှဝေဖော်ပြခဲ့တာပဲဖြစ်ပါတယ်။
နန်းမြတ်မျှဝေခဲ့တဲ့ ဒီဗီဒီယိုလေးကိုကြည့်ပြီး ပရိသတ်တွေကတော့ ကလေးနှစ်ယောက်ရဲ့ တစ်ယောက်အပေါ်တစ်ယောက် ချစ်ခင်ကြင်နာပုံကိုကြည့်ပြီး အချစ်ပိုနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ ကြည်နူးဖွယ်ကောင်းလှတဲ့ ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်နော်။
Source – Nann Myat Phyo Thinn
-Zawgyi Font ဖြင့် ဖတ်ရန်-