အာဆယ်နယ်အတွက်တော့ မန်ယူနိုက်တတ်ဟာ ဘယ်လိုပုံစံဆိုပါပြီး မခံချင်အောင်ပြောဆိုသွားတဲ့ ယွန်းဘတ်

0
26

အာဆင်နယ်ဂန္တဝင်ကစားသမားဟောင်း ယွန်းဘတ်က အသင်းဟောင်း အာဆင်နယ်ဟာ ယူနိုက်တက်ထက် ပိုမိုကောင်းမွန်တဲ့အသင်းတသင်းဖြစ်ကြောင်း၊ ဒါပေမယ့် ယူနိုက်တက်ကလည်း နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ထားတာကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတပွဲဖြစ်ကြောင်းဆိုလာပါတယ်။




ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ဒီကနေ့ည အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ကြမှာဖြစ်ပြီး နှစ်သင်းလုံးအတွက်တော့ အသင်းကြီးတသင်းနဲ့ ပထမဆုံးထိပ်တိုက်တွေ့တဲ့ပွဲတပွဲဖြစ်လာမှာပါ။ အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၅) ပွဲကစား (၅) ပွဲနိုင်နဲ့ ရာနှုန်းပြည့် အနိုင်ရလဒ်ကို ဖော်ဆောင်ကာ အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိပါတယ်။ ယူနိုက်တက်လည်း နောက်ဆုံး (၃) ပွဲဆက်တိုက် အနိုင်ရရှိထားတာပါ။




ဒီလိုမျိုး ပုံစံကောင်းပြနေတဲ့ နှစ်သင်း ထိပ်တိုက်တွေ့တဲ့အပေါ်မှာ ယွန်းဘတ်က “ဒီရာသီ အာဆင်နယ်က တကယ်ကို ကောင်းနေပြီး ရာသီအဖွင့် (၅) ပွဲဆက်တိုက် နိုင်ထားပါတယ်။ သူတို့က နွေရာသီမှာ ပိုက်ဆံလည်း သုံးထားပြီး ထိပ်တန်းကစားသမားတွေလည်းရခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ အသင်းက ကြီးကျယ်ခမ်းနားလာပါတယ်။ ဒါပေမယ့် ကစားသမားကောင်းအချို့ကို ဝယ်ထားလို့ သူတို့ရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝသွားပြီလို့ ကျနော် မထင်ပါဘူး”




“အသင်းကတော့ တကယ်ကို သန်မာလာပါပြီ။ အခု သူတို့က ယူနိုက်တက်နဲ့ ရင်ဆိုင်မှာက တကယ်ကို ပြင်းထန်တဲ့ စမ်းသပ်မှုတခုဖြစ်လာမှာပါ။ အနိုင်ရဖို့ဆိုရင်လည်း အာဆင်နယ်ကပဲ ပိုမိုရေပန်းစားမယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်က ယူနိုက်တက်ထက် ပိုကောင်းနေလို့လေ။ ဒါပေမယ့် ယူနိုက်တက်ကလည်း နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ထားတာပါ”




“ဒီတော့ ယူနိုက်တက်နဲ့အာဆင်နယ် ထိပ်တိုက်တွေ့ဆုံမှုက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတပွဲ ဖြစ်လာပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ယူနိုက်တက်သာ အနိုင်ယူပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် ဒုတိယနေရာက မန်စီးတီးနဲ့ စပါးတို့ကို (၄) မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်မှာလည်းဖြစ်ပါတယ်။




crd