အနိုင်ဆိုတာကြီးကိုပဲ ထိတွေ့ရင်းသာယာနေတဲ့ အာဆင်နယ်ကို မသာယာနိုင်အောင် အနိုင်ကန်ဖို့ မန်ယူအသင်းသားတွေကို နည်းလမ်းပေးလိုက်တဲ့ တန်ဟန်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဥ် 5 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ အာဆင်နယ်် အသင်းနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပြီး နည်းပြ တန်ဟတ်် ကတော့ ကစားပုံ ကောင်းမွန်ရေးထက် နိုင်ပွဲရရှိအောင်် နည်းလမ်းရှားဖို့ အသင်းသားတွေကို မှာကြားခဲ့လိုက်ပါတယ် ။




လက်ရှိ အချိန်မှာ ရာသီသစ် အစ ပွဲစဥ် နှစ်ပွဲမှာ ရလဒ်တွေ ဆိုးရွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ လီဗာပူး ၊ ဆောက်သမ်တန် ၊ လက်စတာ စီးတီး တို့ကို အနိုင်် ကစားပြီး ရလဒ်ကောင်းတွေ တဖန် ပြန်လည် ရှာဖွေ ထားနိုင်ခဲ့ ပါတယ် ။




အခြားတဖက်မှာတော့ အာဆင်နယ် အသင်းဟာ ရာသီသစ် ပွဲစဥ် 5 ပွဲလုံးကို အနိုင် ကစားထားနိုင်ခဲ့ပြီး အမှတ််ပေး ဇယားကို ဦးဆောင်ထားနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် ဒီပွဲမှာ ပြိုင်ဖက်ကောင်း နှစ်သင်းအတွက် ရေကုန်ရေခမ်း ကစားရမယ့် ပွဲစဥ်ပဲ ဖြစ်နေခဲ့ရပါတယ် ။




ဒီလို ပွဲစဥ်မျိုးမှာတော့ နှစ်ဖက် အသင်း အနေနဲ့ ကစားကွက်် လှပရေးထက် အနိုင် 3 မှတ် ရယူနိုင်ရေးအတွက်ပဲ အစွမ်းကုန် ကြိုးစားရမှာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် တန်ဟတ် က ကစားကွက် လှပရေးထက် နိုင်ပွဲ ရရှိအောင် နည််းလမ်း ရှာဖွေဖို့ မှာကြားခဲ့တာပဲ ဖြစ်ပါတယ် ။




” ဒါဟာ ခမ်းနားတဲ့ ရင်ဆိုင်လို့ ​​ကောင်းမယ့် ပွဲစဥ် တစ်ပွဲပဲ ဖြစ်ပါတယ် ။ ဒီမှာက ပွဲစဥ်တိုင်းဟာ စိန်ခေါ်မှု အသစ်တွေပါပဲ ။ ကျွန်တော် လိုချင်တာ ဒါပဲလေ ။ အသင်းကို ပိုပြီး တိုးတက်စေဖို့ ၊ အလုပ်တွေ ဆက်လက် လုပ်နေကြဖို့ပဲ အရေးကြီးပါတယ် ”




” ဟုတ်ပါတယ် ၊ ကျွန်တော် သူတို့ ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဥ်တွေကို စောင့်ကြည့် ဖြစ်ပါသေးတယ် ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အာရုံတွေက နောက်တစ်ပွဲ ကစားရမယ့် ပွဲစဥ်တွေ အပေါ်မှာပဲ ရှိနေပါတယ် ။ အာဆင်နယ်ပွဲ အတော် များများကိုတော့ ကျွန်တော် ကြည့်ဖူးပါတယ်လေ

” ဒီလိဂ်မှာ ခြားနားတဲ့ ကစားဟန်တွေ အများကြီး ရှိနေခဲ့ပါတယ် ။ အားလုံးက အရှိန် ပြင်းပြင်းနဲ့ ကစားကြသူတွေချည်းပါပဲ ၊ ဒါပေမဲ့ ကစားဟန် ၊ ကစားကွက်တွေ ခြားနားလှပါတယ် ။ အဲ့ဒီမှာ သူတို့ရဲ့ ကစားဟန်က အခြား အသင််းတွေထက် ပိုပြီး ခြားနားနေခဲ့ပါတယ် ”

” သူတို့ကို အနိုင် ကစားဖို့ ကျွန်တော်တို့ နည်းလမ်း ရှာရပါ့မယ် ။ လက်ရှိ ကျွန်တော်တို့ မြင်နေရတာက သူတို့ဟာ အမှတ်ပေး ဇယား ထိပ်ပိုင်းမှာပါ ။ သူတို့ ထိုက်တန်လို့ ဒီနေရာ ရောက်နေခဲ့ကြတာလေ ။ သူတို့ရဲ့ ဘောလုံး ကစားပုံလည်း ကောင်းမွန်နေခဲ့ပါတယ် ”




” ကျွန်တော်တို့ကတော့ သူတို့ကို အနိုင် ကစားနိုင်ရေး အတွက်် နည်းလမ်းကောင်း ရှာဖွေနေပါတယ်။ ကျွန်တော်တို့ ဒီအရှိန်အဟုန်ကို ထိန်းထားရမှာ မဟုတ်ပါဘူး ။ ဒီထက်ပိုကောင်းအောင် ကြိုးစားရမှာပါ ။ ကျွန်တော်တို့ ကောင်းခဲ့ပေမဲ့ လုံလောက်စွာ မကောင်းကြသေးပါဘူး ” လို့ တန်ဟတ််က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

crd