သူ့ရဲ့အလှူမှာ အနုပညာရှင်တွေအကုန်လုံးထည့်ဝင်ခဲ့လို့ နာမည်စာရင်းထဲမှာထည့်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ ယုန်လေး

နိုင်ငံကျော်တေးရေး၊တေးဆို ဒါရိုက်တာ ယုန်လေးကတော့ တေးသီချင်းပေါင်းများစွာ ရေးစပ်သီဆိုခဲ့ကာ ဂီတလောကမှာ အောင်မြင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပါတယ်။





သူကတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ အက်ရှင်ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ယုန်လေးဟာ ပြည်သူတွေရဲ့ Boycott လုပ်ခြင်းခံထားရသူဖြစ်ပြီး အခုတစ်ခါမှာတော့ အလှူအတန်းတွေလုပ်ပြပြီး ပြည်သူတွေရဲ့မေတ္တာကို ပြန်လည်ရရှိအောင် ကြိုးစားနေလျက်ရှိတာပဲဖြစ်ပါတယ်။





အဲ့ဒီအတွက် ယုန်လေးဟာ သူပိုင်ဆိုင်တဲ့ကားကို သိန်း (၂၉၀) နဲ့ရောင်းချပြီး မတည်ကာ မရှိနွမ်းပါးသူတွေကို ထောက်ပံ့ကူညီမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အနုပညာရှင်တွေကို အလှူခံခဲ့ပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အနုပညာရှင်တွေနာမည်နဲ့တကွ အလှူစာရင်းကို ချပြခဲ့ပါတယ်။





ထိုအတွက် အလှူစာရင်းမှာပါဝင်တဲ့အနုပညာရှင်တွေဟာ ပြည်သူတွေရဲ့ ဝေဖန်မှုကိုခံခဲ့ရတာကြောင့် ယုန်လေးဟာ သူ့ရဲ့အမှန်တရားကို ပြောပြလာပါတယ်။ ယုန်လေးက “ဆန် . ဆီ . ကြက်ဉ မိသားစု 3000 စာရောက်ပါပြီ။





မနက်ဖြန် လုပ်အားဖြစ်အလှူပါဝင်သော ညီအစ်ကိုများမှစလှူပါပြီခင်မျာ.။ အလှူရှင်များကိုလည်း ကျေးဇူးတင်ပါတယ်. 🙏🏻 ကျွန်တော် အရင်က Producer အနေနဲ့ထုပ်ထားတဲ့
ခွေတွေထဲက. Ringtune နှင့် တခြားတခြား ပလက်ဖောင်းများမှ ရထားတဲ့ အနုပညာကြေးတွေကို လွန်ခဲ့တဲ့ 2 လ က အနုပညာရှင်တွေကို အလှူလေးတွေလုပ်ဖို့ အလှူခံခဲပါတယ်။





လွှဲပေးဆိုလည်း လွှဲပေးမယ်ပြောခဲ့ပါတယ်။ အကုန်လုံးက ထည့်ဝင်ခဲ့ပါတယ်။ သူတို့ အနုပညာကြောင့်ရထားတဲ့ ငွေမို့လို့ အလှူရှင်နာမည်မှာ ကျွန်တော် ဒီတိုင်းတပ်ခဲ့ပါတယ်။ အနုပညာရှင်များလည်း စိတ်အနှောင့်ယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်.” ဆိုပြီး ရေးသားခဲ့ပါတယ်။





ယုန်လေးရဲ့ပြောပြချက်အရ အလှူစာရင်းမှာပါဝင်ခဲ့တဲ့ အနုပညာရှင်တွေဟာ သူတို့ကိုယ်တိုင် အလှူအတွက် ထည့်ဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ဘယ်အရာကအမှန်တရားဖြစ်မလည်းဆိုတာ ကာယကံရှင်တွေကိုယ်တိုင်ကလွဲရင် ဘယ်သူမှမသိနိုင်ပါဘူးနော်…။




Source: Yone Lay’s FB

Credit