ဖခင်ကြီးဦးချစ်ကောင်းက သူ့အတွက်ဆိုခဲ့တဲ့ သီချင်းလေးကို သမီးလေး အမရာအတွက် ပြန်လည်သီဆိုသွားမယ့် အိမ့်ချစ်
|ပရိသတ်ကြီးရေ အိမ့်ချစ်ကတော့ ပြီးခဲ့တဲ့ လက သူ့ရဲ့ပထမဆုံးသမီးဦးလေးကို မွေးဖွားခဲ့တာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာနော်။ အိမ့်ချစ်ကတော့ သူ့ရဲ့သမီးလေးကိုလည်း တေးအမရာလှိုင်ဆိုပြီး အဓိပ္ပာယ်တွေများစွာနဲ့ နာမည်ပေးထားခဲ့သေးတယ်။
ဒီနေ့မှာလည်း အိမ့်ချစ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဗီဒီယိုလေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။ ဗီဒီယိုလေးထဲမှာတော့ အိမ့်ချစ်က သူငယ်စဉ်က သူ့ရဲ့ ဖခင်ကြီးဖြစ်တဲ့ အဆိုတော်ကြီး ဦးချစ်ကောင်းက သူ့အတွက် သီဆိုခဲ့တဲ့ “စတော်ဘယ်ရီသမီးလေး” ဆိုတဲ့ သီချင်းလေးကို အိမ့်ချစ်က သူ့ရဲ့သမီးလေး တေးအမရာလှိုင်အတွက် သူကပြန်လည်သီဆိုသွားမှာဖြစ်ကြောင်းပြောကြားထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။
ပရိသတ်ကြီးရေ အိမ့်ချစ်ကတော့ “သမီးလေးအတွက် သီချင်းလေးတစ်ပုဒ်လောက်ဆိုပါလို့ ပြောလာကြတဲ့ပရိတ်သတ်တွေကြောင့် အဖေကကိုယ့်ကိုမွေးတုန်းကအမှတ်တရဆိုခဲ့ဖူးတဲ့ စတော်ဘယ်ရီသမီးလေးဆိုတဲ့သီချင်းလေးကို သမီးလေး အမရာ အတွက်အမှတ်တရ ပြန်လည်အသက်သွင်း ဆန်းသစ်ဖန်တီးခဲ့ပါတယ်” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေထားခဲ့ပါသေးတယ်။
Source – Eaint Chit
-Zawgyi Font ဖြင့် ဖတ်ရန်-
ဖခင္ႀကီးဦးခ်စ္ေကာင္းက သူ႔အတြက္ဆိုခဲ့တဲ့ သီခ်င္းေလးကို သမီးေလး အမရာအတြက္ ျပန္လည္သီဆိုသြားမယ့္ အိမ့္ခ်စ္
ပရိသတ္ႀကီးေရ အိမ့္ခ်စ္ကေတာ့ ၿပီးခဲ့တဲ့ လက သူ႔ရဲ႕ပထမဆုံးသမီးဦးေလးကို ေမြးဖြားခဲ့တာပရိသတ္ေတြလည္း သိရွိၿပီးသားျဖစ္မွာေနာ္။ အိမ့္ခ်စ္ကေတာ့ သူ႔ရဲ႕သမီးေလးကိုလည္း ေတးအမရာလႈိင္ဆိုၿပီး အဓိပၸာယ္ေတြမ်ားစြာနဲ႔ နာမည္ေပးထားခဲ့ေသးတယ္။
ဒီေန႔မွာလည္း အိမ့္ခ်စ္က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ဗီဒီယိုေလးတစ္ခုကို မွ်ေဝလာခဲ့ပါတယ္။ ဗီဒီယိုေလးထဲမွာေတာ့ အိမ့္ခ်စ္က သူငယ္စဥ္က သူ႔ရဲ႕ ဖခင္ႀကီးျဖစ္တဲ့ အဆိုေတာ္ႀကီး ဦးခ်စ္ေကာင္းက သူ႔အတြက္ သီဆိုခဲ့တဲ့ “စေတာ္ဘယ္ရီသမီးေလး” ဆိုတဲ့ သီခ်င္းေလးကို အိမ့္ခ်စ္က သူ႔ရဲ႕သမီးေလး ေတးအမရာလွိုင္အတြက္ သူကျပန္လည္သီဆိုသြားမွာျဖစ္ေၾကာင္းေျပာၾကားထားတဲ့ ဗီဒီယိုေလးပဲျဖစ္ပါတယ္။
ပရိသတ္ၾကီးေရ အိမ့္ခ်စ္ကေတာ့ “သမီးေလးအတြက္ သီခ်င္းေလးတစ္ပုဒ္ေလာက္ဆိုပါလို႔ ေျပာလာၾကတဲ့ပရိတ္သတ္ေတြေၾကာင့္ အေဖကကိုယ့္ကိုေမြးတုန္းကအမွတ္တရဆိုခဲ့ဖူးတဲ့ စေတာ္ဘယ္ရီသမီးေလးဆိုတဲ့သီခ်င္းေလးကို သမီးေလး အမရာ အတြက္အမွတ္တရ ျပန္လည္အသက္သြင္း ဆန္းသစ္ဖန္တီးခဲ့ပါတယ္” ဆိုျပီး သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာကေနမွ်ေဝထားခဲ့ပါေသးတယ္။
Source – Eaint Chit