ရော်နယ်ဒို ဘာတွေကြောင့် အရန်ခုံမှာထိုင်နေရသလဲ ၊ ဘယ်လိုမျိုးဆို ပွဲထွက်ခွင့် ရမလဲ ၊ တန်ဟက်ပြော
|ရော်နယ်ဒိုဟာ ဒီရာသီမှာ မန်ယူအသင်းရဲ့ပွဲထွက်ကစားသမားတစ်ကြိမ်သာ ဖြစ်ခဲ့ရပါသေးတယ်။ဘရန်းဖို့ဒ်နဲ့ပွဲမှာဖြစ်ပြီး ၄-၀နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။တန်ဟန်ကတော့ ရော်နယ်ဒိုကို ပွဲထွက်ကစားသမားအဖြစ်အသုံးပြုပဲအရန်အဖြစ်အသုံးပြုနေတာဟာ ရာသီကြိုအစီအစဥ်တွေမှာ ရော်နယ်ဒိုကမပူးပေါင်းခဲ့လို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “အထူးသဖြင့် ကျွန်တော်တို့ ကစားတဲ့ပုံစံက မနှစ်ကနဲ့ ယှဉ်ရင် ကွဲပြားချက်တွေရှိပါတယ်။အသင်းရဲ့ လိုအပ်ချက်တွေကိုအဓိကထားပြီး ကစားသမားတဦးချင်းစီရဲ့ ပူးပေါင်းဆောင်ရွက်မှုပုံစံအပြင် ကြံ့ခိုင်မူပိုင်းကိုပါ ဦးစားပေး ပုံဖော်ထားတာဖြစ်ပါတယ်။
အခြေနေတခုပေါ်မူတည်ပြီး ရိုနယ်ဒိုဟာ ကျနော်ရဲ့သူငယ်ချင်းဖြစ်ကောင်းဖြစ်လိမ့်မယ်၊ တခါတလေ ကျနော်ကသူ့ရဲ့နည်းပြအဖြစ်ရှိနေပါမယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ့အနေနဲ့ ရာသီကြိုပွဲစဥ်တွေကိုကျနော်တို့နဲ့ပူးပေါင်းခဲ့ခြင်းမရှိတာကို အားလုံးအသိပါ။ ဒါကရိုနယ်ဒိုကို ကျနော်ကိုင်တွယ်တားတဲ့အခြေခံအကြောင်းတရားပါ။
မာတီနက်ဇ်ဟာအခုချိန်မှာကောင်းမွန်တဲ့ကစားသမားတဦးဖြစ်ပေမယ့် ဒီထက်ပိုအသားကျလာဖို့မျော်လင့်ပါတယ်။သူ့ရဲ့ခံစစ်ကစားပုံ၊ အသင်းနဲ့လိုက်လျှောညီထွေမူရှိပုံစတာတွေက အခုခင်ဗျားတို့မြင်နေသလိုထက် ပိုပြီးမျှော်လင့်လို့ရပါသေးတယ်။ ဒါကြောင်းသူ့ကိုကျနော်ခေါ်ယူခဲ့တာပါ။
နောက်ဆုံးတော့ အားလုံးသိချင်နေတဲ့ Dutch League Players တွေကိုဘဲခေါ်ယူရခြင်းအပေါ်အခုကျနော်ခေါ်ယူထားတဲ့ကစားသမားတွေက သူတို့ရဲ့နိုင်ငံအသင်းတွက်ရွေးချယ်ခံထားရတဲ့ကစားသမားတွေပါ။နောက်ပြီးချန်ပီယံလိဂ်မှာလဲအကောင်းဆုံးစွမ်းဆောင်ပြထားနိုင်တဲ့အပြင် သူတို့တဦးချင်းစီမှာ ဘောလုံးကို မာမာထန်ထန်ကစားနိုင်ပြီး အသင်းပေါ်ပေးဆပ်လိုစိတ်အများကြီးရှိကြပါတယ်။
crd