အာဆယ်နယ်ကို 8-2နိုင်ခဲ့တာစိတ်တော့မကောင်းဘူးဆိုပြီး နောက်ထပ် အနိုင်ရမယ့် နည်းတခု ချပြပေးလိုက် ရွန်းနီ
|အသင်းအနေနဲ့ ပြိုင်ဖက်အသင်းကောင်းတသင်းနဲ့ရင်ဆိုင်ရတော့မယ်ဆိုရင် ကစားသမားဟောင်းအများစုက သူတို့ခေတ်အချိန်ခါကအမှတ်တရတွေ၊ အသင်းရဲ့လိုအပ်ချက်တွေနဲ့ပတ်သက်တဲ့ အကြောင်းရာတွေကို မျှဝေလေ့ရှိကြပါတယ်။ အဲ့ဒီထဲမှာ ပရိတ်သတ်အချစ်တော်ဝိန်းလဲအပါဝင်ဖြစ်ပါတယ်။
ဝိန်းက Time Sport သို့ ယူနိုက်တက်အသင်းနဲ့အဆာနယ်ပွဲစဥ်အပေါ် ရွန်းနီက “အာဆင်နယ်ဟာ ဘောလုံးလောကမှာ မယုံနိုင်စရာကောင်းတဲ့အသင်းတသင်းပါ။သူတို့မှာရာသီတိုင်းလိုလိုမှာ အသင်းနဲ့အံဝင်တဲ့ကစားသမား ကောင်းတွေရှိပါတယ်။ သူတို့ရဲ့ကွင်းတွင်းမှာ ပြေးလွားပုံတွေ၊ ဘောလုံးထိန်းကစားခြင်း၊ လိုအပ်ချက်အရကစားပုံပြောင်းလဲတာတွေ၊ အသင်းလိုက်စည်းလုံးမူတွေက မင်းအငိုက်မိနေရင် သတ်တောင်သတ်ပစ်သွားနိုင်ပါတယ်။
သူတို့ရဲ့ ပြင်ဆင်မူ၊ တိုးတက်လာပုံတို့ကိုမင်းအနေနဲ့သတိထားမိရင်တောင် ရပ်တန့်လို့မရနိုင်ပါဘူး။ ဒါပေမယ့် ငါတို့အခြေနေတခုမှာ ဒီအရာတွေကိုအမြဲရပ်တန့်နိုင်ဖို့ အာရုံအများကြီးစိုက်ခဲ့ရတယ်။ငါတို့ရဲ့ သွင်းဂိုး အများစု ဟာ အဲဒီ့အတိုင်းလုပ်ဆောင်ခဲ့လို ဖြစ်လာခဲ့တာပါ ။ သူတို့နဲ့တွေ့တိုင်း နည်းဗျူဟာကျကျနဲ့ အများကြီးလုပ်ဆောင်နေလို့မရပါဘူး။ ငါတို့တုန်းကကစားသမားတိုင်း အာဆင်နယ်အသင်းနဲ့ ဘယ်လိုကစားရမလဲဆိုတာသိကြတယ်။
သူတို့ရဲ့လမ်းကြောင်း တွေကိုရှိတာထက်ပိုကွင်းထဲမှာအများကြီးပြေးပြီးတားဆီးရတယ်။ လျှင်လျှင်မြန်မြန်နဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တချို့ကိုချပြီး တိုက်စစ်ပြန်စပြီးဂိုးသွင်းရတယ်။အာဆင်နယ်အသင်းဟာ ဆာအဲ့လစ်အတွက် ခက်ခက်ခဲခဲကစားခဲ့ရတဲ့ တခုတည်းသော ပရီးမီးယားလိဂ်ပွဲစဥ်တခုဘဲ။ ငါရယ်၊ Fletch နဲ့ ရိုနယ်ဒိုတို့က လူငယ်ကစားသမားတွေဖြစ်ခဲ့ကြတာကြောင်း သူတို့အသင်းကိုအနိုင်ရအောင်လုပ်မယ်။
အကုန်လုံးကိုပိတ်ဆို့ဖို့ကိုဘဲ စိတ်အားထက်သန်ခဲ့ကြတယ်။ ဘာနည်းစ နစ်နဲ့မှပြင်ဆင်ထားလို့မရပါဘူး။ စိတ်အားထက်သန်ပုံတခုကိုပြောရရင် ” ငါတို့ကွင်းထဲမဝင်ခင် ဥမင်ထဲမှာတန်းစီနေတုန်း ရွိုင်ကငါတို့စကားပြောနေတုန်း၊ ပြုံးပြီးရှိနေတဲ့ ဗီအဲရာကိုသတိထားမိလိုက်တော့ ” အေမင်းဘာရယ်နေတာလဲ..ကွင်းထဲမှာငါ့ကောင်တကောင်ကောင်ကိုထိတာနဲ့ မင်းငါနဲ့တွေ့ပြီ။ဆိုပြီးတော့ လှမ်းအော်တဲ့ဗီဒီယိုကို ခင်ဗျားတို့ကပြုံးပြီးကြည့်နိုင်တာပါ။ ငါတို့ကဘယ်သူမှပါးစပ်မဟရဲခဲ့ကြဘူး။ နောက်ပြီး အာဆင်ဝင့်ဂါးကို ကျနော်လေးစားပါတယ်။ ဒါကြောင်း ပရိတ်သတ်တွေ (8-2)ပွဲစဥ်ကို ဆိုရှယ်မီဒီယာမှာတင်ပြီးလှောင်ကြရင် ကျနော်အနေနဲ့တမျိုးကြီးခံစားရပါတယ်။ သိပ်သဘောမကျပါဘူး။ ဂိုးသွင်းခဲ့လို့ပျော်ပေမယ့်အဲ့လိုမျိုးကြီးမလုပ်သင့်ဘူးလို့ထင်ပါတယ်။
ယူနိုက်တက်အသင်းမှာအရည်ချင်းရှိတဲ့ကစားသမားတွေအများကြီးပါ။ သူတို့အနေနဲ့ ဘောလုံးအခြေခံကိုလိုအပ်နေတာပါ။ ဥပမာ ကွင်းထဲမှာ ပြေးမယ်။တယောက်နဲ့တယောက်အချိတ်ဆက်မိမိ စိတ်အားထက်သန်စွာကစားမယ်။ ဒါတွေက ပြိုင်ပွဲတိုင်းရဲ့အရေးပါတဲ့ခြားနားချက်တွေပါ။ ဒါတွေကရရှိသွားပြီဆိုရင်တော့ အသင်းတွက်ဒီလမ်းကြောင်းဟာ ရလဒ်ကောင်းတွေရရှိနေမှာပါ။
နည်းပြအာတီတာရဲ့ နည်းစနစ်တွေကို အာရုံစိုက်နေမှာထက် သူတို့ရွေ့တဲ့အကွက်တွေအားလုံးကို ပိတ်ဆို့နိုင်ဖို့ လီပါပူးနဲ့နေ့က ကစားခဲ့သလိုမျိုး၊ မာမာထန်ထန်၊ ပြေးလွားပြီး လုပ်အားနူန်းကောင်းကောင်းနဲ့ကစားရပါမယ်။ “
crd