အာဆင်နယ်အသင်းကို အန်တိုနီအဖွင့်ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ယူနိုက်တတ်တို့ပွဲစဥ်မှာ ဘယ်သူတွေပိုကောင်းလဲ ၊ပွဲပြီးသုံးသပ်။
|မန်ယူအသင်းဟာ အာဆင်နယ်ကို ရင်တိုင်ဖို့ ဂိုးသမားနေရာမှာ ဒီဂီယာ၊နောက်တန်းမှာ အတွဲမိနေတဲ့ မာလာစီယာ၊မာတီနက်ဇ်၊ဗာရိန်း၊ဒါးလော့ဒ်တို့ကိုပွဲထုတ်ခဲ့ပါတယ်။အလယ်တန်းမှာတော့ တော်မီနေး၊အဲရစ်ဆင်နဲ့ ဖာနန်ဒတ်စ်တို့ကိုပွဲထုတ်ခဲ့ပြီး တိုက်စစ်မှာတော့ ဆန်ချို၊ရက်ဖို့ဒ်နဲ့ ကစားသမားသစ်အန်တိုနီတို့ကိုပွဲထုတ်ခဲ့ပါတယ်။
ပွဲစတာနဲ့ မန်ယူအသင်းကစတင်တိုက်စစ်ဆင်ကစားခဲ့ပြီး အန်တိုနီရဲ့ခြေစွမ်းပြမှုကနေရလာတဲ့ ဘောလုံးကို ဒါးလော့ဒ်ဖြတ်တင်ပေးရာကနေ အဲရစ်ဆင်ပိတ်သွင်းခဲ့ပေမယ့် ဂိုးပေါက်နဲ့လွဲချော်သွားလို့နစ်နာခဲ့ရပါတယ်။အာဆင်နယ်ကပြန်လည်တိုက်စစ်ဆင်လာပြီး မာတင်နယ်လီရဲ့ ခေါင်းတိုက်ဘောက်ု ဒီဂီယာကာကွယ်သွားနိုင်ခဲ့လို့ မန်ယူအသင်းသက်သာရာရခဲ့ပါတယ်။
အဲရစ်ဆင်စီကဘောလုံးကို အိုဒီဂတ်ကအတင်း၀င်လုရာမှ ရလာတဲ့ဘောလုံးက်ု ဆာကာရဲ့အကွက်မြင်မှုကနေ မာတင်နယ်လီဂိုးသွင်းခဲ့ပေမယ့်ဒိုင်လူကြီးက varကြည့်ပြီး ပြန်လည်ဖျက်ခဲ့ပါတယ်။အာဆင်နယ်ဒိုကပဲဆက်တိုက်ဖိနေပြီး မန်ယူအသင်းကတော့ တစ်သင်းလုံးနီးပါးပိတ်ဆော့နေရပါတယ်။သိပ်မကြာခင်မှာပဲ တန်ပြန်တိုက်စစ်ကတဆင့် ရက်ဖို့ဒ်နဲ့အန်တိုရဲ့အတွဲအဖက်ကနေ မန်ယူအသင်း ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။
ရက်ဖို့ဒ်ရဲ့အကွက်မြင်မြင်နဲ့တိတိကျကျချပေးတဲ့ဘောလုံးကို အန်တိုနီကသွေးအေးအေးနဲ့ အဆုံးသတ်ခဲ့ပြီး မန်ယူအသင်းအတွက် ပထမဆုံးဂိုးကိုပထမဆုံးပွဲမှာပဲ ရယူခဲ့ပါတယ်။
ဂိုးပေးလိုက်ရတဲ့အာဆင်နယ်ကတော့ တိုက်စစ်ကို ဆက်တိုက်ကိုတိုက်စစ်တင်နေပြီး မန်ယူနောက်တန်းကလည်း ကျစ်ကျစ်လစ်လစ်နဲ့က်ု ထိန်းထားပါတယ်။
ပထမပိုင်းမှာတော့ ဂါဘရယ်ဂျီးဆပ်က်ု ဗာရိန်းကလှုပ်မရအောင်ထိန်းထားခဲ့ပြီး ပထမပိုင်းမှာ မန်ယူအသင်းက ၁-၀ နဲ့အနိုင်ရထားပါတယ်။
ဒုတိယပိုင်းမှာတော့ ချေဂဂိုးလိုနေတဲ့အာဆင်နယ်က ဖိကစားလာပြီး လိုအပ်နေတဲ့ချေဂဂိုးကို ဆာကာက သွင်းယူပေးခဲ့ပါတယ်။အာဆင်နယ်က တိုက်စစ်ကို ဆက်တိုက်က်ုတင်ကစားနေပေမယ့် ဂိုးထပ်ရသွားတာကတော့ မန်ယူအသင်းပါ။
တန်ပြန်တိုက်စစ်ကနေ ထွက်လာတဲ့ဘောလုံးကို ဖာနန်ဒတ်ရဲ့လှပတဲ့ဖန်တီးမှုကတဆင့် ရက်ဖို့ဒ်က သွင်းယူသွားခဲ့တာဖြစ်ပါတယ်။အာဆင်နယ်ကတော့ပြာသလောက်က်ုဖွဲမထွက်ပဲ တန်ပြန်တိုက်စစ်ကနေပဲ အဲရစ်ဆင်ရဲ့အပိုင်အခွင့်အရေးကို ရက်ဖို့ဒ်ကပေးကာ အနိုင်သေချာစေမယ့် ဒုတိယမြောက်ဂ်ုးကိုသွင်းယူခဲ့ပါတယ်။