နိုင်ပွဲဆက်နေတဲ့ ဂန်းနားတွေကို ရပ်တန့်ခဲ့တဲ့ ယူနိုက်တတ်တို့ပွဲစဥ်မှ အကောင်းဆုံး ကစားသမား ( ၅ )ယောက်

0
213

တန်ဟက်ခ်က ဒီပွဲမှာ သူတပည့်ကျော် အန်တိုနီကို ချက်ချင်းပဲ ယုံယုံကြည်ကြည်နဲ့ ပွဲထွက်ခွင့်ပေးပြီး အီလန်ဂါ မပါတော့တာကလွဲလို့ ဘာမှအပြောင်းအလဲမရှိခဲ့ပါဘူး။ အာဆင်နယ်ကလည်း ကွင်းလယ်မှာ ချာကာ၊ လိုကွန်ဂါ တွဲပေးတာ၊ ဇင်ချန်ကို ပြန်လည်ပါဝင်လာတာကလွဲရင် အကောင်းဆုံး လူစာရင်းကိုပဲ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။




အဲရစ်ဆင်၊ ဆန်ချိုတို့ရဲ့ကန်ချက်တွေ ဘေးကပ်ထွက်ခဲ့တာ၊ ရမ်စ်ဒေးလ် ကာကွယ်နိုင်ခဲ့တာ၊ ယူနိုက်တက်အတွက် နစ်နာခဲ့ပါတယ်။ မထင်မှတ်ဘဲ မာတီနယ်လီရဲ့ သွင်းဂိုးနဲ့ အာဆင်နယ်တို့ ဦးဆောင်နိုင်တော့မလိုဖြစ်ခဲ့ပေမယ့်




ဒီဂိုးအစပြုဖို့အတွက် ကွင်းလယ်မှာ အိုဒီဂတ်က အဲရစ်ဆင်ကို တွန်းခဲ့တာကြောင့် VAR ကြည့်ပြီး ပယ်ဖျက်ခံခဲ့ရပါတယ်။ ပွဲစစချင်း ယူနိုက်တက်က ဆက်တိုက် ဖိအားပေးခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ အာဆင်နယ်က ကစားကွက် ပြန်စီးလာခဲ့ပါတယ်။




ဒါပေမယ့် အန်တိုနီရှိနေတာကြောင့် ဇင်ချန်ကို လွတ်လွတ်လပ်လပ် တိုက်စစ်မလိုက်နိုင်သလို ဂျီးဆပ်စ်ကိုလည်း ဗာရန်း၊ လီဆန်ဒရိုမာတီနက်ဇ်တို့ ခပ်ကြမ်းကြမ်း ထိန်းချုပ်ခဲ့ပါတယ်။ ဆာကာလည်း ကစားပေါက်ကျပ်နေပြီး
မာတီနယ်လီကတော့ ဒါလော့ကို အတိုင်းအတာတခုအထိ ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကိုတော့ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့ အဆင့်ဆင့် ခင်းပေးတာကတဆင့် အန်တိုနီက ပွဲဦးထွက်သွင်းဂိုးအဖြစ် အမှားအယွင်းမရှိ ပိတ်သွင်းယူခဲ့ပါတယ်။




အဲ့ဒီနောက်မှာ မာတီနယ်လီရဲ့ ခေါင်းတိုက်ချက်ကို ဒီဂီယာ လက်စွမ်းပြ ကာကွယ်ခဲ့ရပြီး အာဆင်နယ်က ဆက်တိုက်ဖိအားပေးခဲ့ပေမယ့် ယူနိုက်တက်တို့ပဲ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းစတာနဲ့ အာဆင်နယ်တို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပြီး အိုဒီဂတ်၊ ဆာကာတို့ရဲ့ ကန်ချက်တွေကလည်း ဂိုးမဖြစ်ခဲ့ပါဘူး။ တန်ဟက်ခ်ကလည်း အန်တိုနီနေရာမှာ ရော်နယ်ဒိုကိုထည့်ပြီး အပြောင်းအလဲလုပ်ခဲ့ပါတယ်။အာဆင်နယ်တို့ ဖိကစားနေရင်းနဲ့ပဲ ဗာရန်းက အမှားကတဆင့် ဘောလုံးပျက်သွားပြီး ဒါလော့ တားဆီးနိုင်ခဲ့ပေမယ့် ဆာကာဆီကို ရောက်ရှိသွားပြီး လွတ်လွတ်ကျွတ်ကျွတန် ကန်သွင်းသွားခဲ့ပါတယ်။




နောက်ပိုင်းမှာ အာဆင်နယ်တို့ ဆက်ပြီး ဖိအားပေးပေမယ့် တကယ်တမ်း ဂိုးထပ်ရသွားတာက ယူနိုက်တက်ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်တို့ ဘောလုံးပျက်သွားတာကတဆင့် ဒါလော့ကပဲ ဒီဂိုးကို အစပြုပေးခဲ့တာပါ။ဒါလော့ကတဆင့် အဲရစ်ဆင်၊ အဲ့ဒီနောက် ဘရူနိုဖာနန်ဒက်စ်ခင်းပေးလိုက်တဲ့ ဘောလုံးကို ရပ်ရှ်ဖို့ဒ်က လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ရမ်စ်ဒေးလ်နဲ့ တယောက်ချင်းအတွေ့မှာ အပိုင်ကန်သွင်းခဲ့ပါတယ်။




အဲ့ဒီနောက်မှာတော့ အာဆင်နယ်က စမစ်ရိုး၊ ဖေဘီယိုဗီအဲရာ၊ အန်ကီတီယာတို့ လူစားဝင်ခဲ့ပေမယ့် ယူနိုက်တက်ကပဲ အနိုင်သေချာစေမယ့် နောက်ထပ်သွင်းဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။အာဆင်နယ်ရဲ့ လူကျွံထောင်ချောက်ကို အဲရစ်ဆင် တယောက်တည်း ဖောက်ထွက်သွားခဲ့ပြီး ခင်းအပေး တယောက်တည်းရှိတဲ့ ရပ်ရှ်ဖို့ဒ်ကပဲ အပိုင်ပိတ်သွင်းယူခဲ့ပါတယ်။အာဆင်နယ်အတွက်ကတော့ ရာနှုန်းပြည့်နိုင်ပွဲဆက် စံချိန် ရပ်တန့်ခဲ့ရတဲ့အပြင် ဒီရာသီ ပထမဆုံးရှုံးပွဲနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ ယူနိုက်တက်ကတော့ (၄) ပွဲဆက်အနိုင်နဲ့အတူ လီဗာပူး၊ ချဲလ်ဆီးတို့ရဲ့အထက် အဆင့် (၅) နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ရက်ဖို့ဒ်၊ဗာရိန်း၊ဒီဂီယာ၊တော်မီနေး၊ရောက်ရောက်ချင်းခြေစွမ်းပြတဲ့ အန်တိုနီကိုချီးကျူးရမှာဖြစ်ပါတယ်။




crd