အာဆင်နယ်အသင်းရဲ့ မပြည့်စုံသေးတဲ့အချက်ကို အခွင့်ကောင်းယူကာ အနိုင်ပိုင်းနိုင်ခဲ့တဲ့ အနေထာ အခင်းအကျင်းကိုပြောလာတဲ့တန်ဟက်

မနေ့ညက ပွဲမှာ အာဆင်နယ်လို ၆ပွဲဆက်နိုင်ထားတဲ့အသင်းကို ၃-၁ ဆိုတဲ့ရလဒ်နဲအိုးထရက်ဖို့ဒ်မှာ သရဲနီတွေက အမဲ၀ိုင်းဖျက်ခဲ့ကြပါတယ်။
မန်ယူအသင်းအတွက်ကစားသစ်အန်တိုနီနဲ့ ရက်ဖို့ဒ်တို့က သွင်းယူခဲ့ကြပြီး အာဆင်နယ်အတွက် တစ်လုံးတည်းသောဂိုးကိုတော့ ဆာကာက သွင်းယူသွားခဲ့တာဖြစ်ပါတယ်။




ပွဲကတော်တော်လေးကိုမြိုင်ခဲ့ပြီး အာဆင်နယ်ကကစားကွက်ကောင်းကောင်းနဲ့ ပွဲကို ကြိုးစားကစားခဲ့ပေမယ့် အချိန်တန်ရင် မန်ယူရဲ့တန်ပြန်တိုက်စစ်ကိုဘယ်လိုမှမထိန်းနိုင်ဘဲ လူကျွံထောင်ကျောက်က အသာအယာရှောင်ပြေးတတ်တဲ့ ရက်ဖို့ဒါရဲ့သွင်းဂိုးတွေကိုခွင့်ပြုရင် ဒီရာသီရဲ့ပထမဆုံးရှုံးပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။




” ကျနော်တို့ပျော်ပါတယ်။ သိပ်ကောင်းတဲ့ အာဆင်နယ်အသင်းကိုနိုင်တဲ့အတွက်ရော စွမ်းဆောင်ရည်အတွက်ရော ကျေနပ်ပါတယ်။
ဖိအားပေးခံရတာတွေကို ကိုင်တွယ်ရာမှာ ကျနော်တို့ အရမ်းတိုးတက်လာတယ်။ ကျနော်တို့မှာ စစ်မှန်တဲ့ဝိသေသရှိတယ်။ ယုံကြည်မှုလည်းရှိတယ်။ တိုးတက်စရာတွေတော့ကျန်ပါသေးတယ်။




အာဆင်နယ်က သူတို့ရဲ့ပုံစံအတိုင်းပိုကစားပြနိုင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ တိုက်ပွဲဝင်အသင်းစိတ်ဓာတ်က နိုင်ပွဲကိုယူဆောင်လာပေးပါတယ်။ကျနော်တို့ရဲ့ ဖိအားပေးမှု pressing တွေကိုကျော်လွန်ခံရတာနဲ့ ကျနော်တို့ပြန်လည်တိုက်ယူခဲ့တယ်။ တိုက်စစ် ခံစစ်အကူးအပြောင်းတွေမှာလည်း ကျနော်တို့ကောင်းမွန်ပါတယ်။




အာဆင်နယ်ကစားတာ ကောင်းပါတယ်။ ဒါပေမယ့်ကျနော်တို့ ခံစစ်ကစားပုံလည်းကောင်းမွန်ပြီး သူတို့အနေနဲ့ ကျနော်တို့ခံစစ်ကို ဖြိုချသွားနိုင်မယ်လို့ လုံးဝမထင်မိပါဘူး။ကျနော်တို့ တိုးတက်စရာတွေလည်းလိုပါသေးတယ်။ pressing ကစားတာကောင်းပေမယ့် ဇင်ချန်ကိုကွင်းလယ်ကိုဝင်လာတဲ့အချိန် out numbering လုပ်ခံလိုက်ရတာလည်းရှိတယ် ဥပမာအားဖြင့်။




ဘောလုံးကို ထိန်းထားနိုင်ဖို့ သူများဆီမပေးဖို့ ဒါတွေလိုအပ်ပါသေးတယ်။ ကျနော်တို့ တည်ငြိမ်နေဖို့ ဘောလုံးကိုထိန်းထားဖို့ ကိုယ့်ကစားပွဲကို ကိုယ်တိုင်ကစားနိုင်ဖို့ စတာတွေလိုအပ်ပါသေးတယ်။ကျနော်တို့ ယူရိုပါလိဂ်အကြောင်းတွေးရပါတော့မယ်။ ဒီနေ့ကျနော်တို့ ခဏတာအောင်ပွဲခံမယ်။ မနက်ဖြန်မှာတော့ နောက်တစ်ပွဲအကြောင်းအာရုံစိုက်ရပါတော့မယ်။




နေ့ရက်တိုင်းကို အဆင့်အတန်းမြင့်မြင့် ဖြတ်သန်းနေထိုင်ဖို့ မဖြစ်မနေလိုချင်ပါတယ်။ ဒါသည်ပင် ကျနော့်ရဲ့တောင်းဆိုမှုပါ။ ” လို့ပြောခဲ့ပါတယ်။