ရာသီကုန်တာနဲ့ ယူနိုက်တတ် ဒီအဆင့်မှာပဲ ရှိလိမ့်မယ်လို့ ရွိုင်ကိန်း

မနေ့ညက မန်ချက်စတာယူနိုက်တက်တို့ အာဆင်နယ်ကို အနိုင်ရသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာ ရွိုင်ကိန်းက သူ့ရဲ့ အသင်းဟောင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် top 4 ကို သေချာပေါက် ၀င်ရောက်နိုင်မှာ ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောလိုက်ပါတယ်။ ဒီရာသီမှာ ဘရိုက်တန် ဘရန့်ဖို့ဒ် တို့ကို ရှုံးကာ တာထွက်ခဲ့တဲ့ မန်ယူနိုက်တက်ဟာ မနေ့ညက အိုးထရပ်ဖို့ဒ်မှာ ဇယားထိပ်က အာဆင်နယ်ကို နိ်ုင်ခဲ့တဲ့ ပွဲစဉ် အပါအ၀င် နောက်ဆုံး ၄ ပွဲဆက်တိုက် အနိုင်ရထားခဲ့ပါတယ်။




အာတီတာရဲ့ အသင်းဟာ ပွဲချိန်အများစုမှာ အိမ်ရှင်ကို လွှမ်းမိုး ကစားနိုင်ခဲ့ပေမယ့်လည်း ယူနိုက်တက်ရဲ့ တန်ပြန်တိုက်စစ်တွေက ကောင်းကောင်း ခြိမ်းခြောက်နိုင်ခဲ့ပြီး မာကပ်ရပ်ဖို့ဒ် (၂ ဂိုး) ၊ အန်သိုနီ တို့က ယူနိုက်တက်အတွက် ဂိုးတွေကို သွင်းယူပေးခဲ့ကြပြီး အာဆင်နယ် အတွက် ဆာကာက သွင်းယူခဲ့ပါတယ်။ လက်ရှိမှာ မြင်တွေ့နေရတဲ့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့လက ဘရန့်ဖို့ဒ်ကို ၄-၀ နဲ့ ရှုံးခဲ့တဲ့ အသင်းနဲ့ တခြားစီ ဖြစ်နေတာကို တွေ့ရပြီး တန်းဟတ်ရဲ့ အသင်းဟာ လက်ရှိမှာ ဇယားထိပ်ဆုံးက အသင်းနဲ့ ၃ မှတ်သာ ကွာဟပါတော့တယ်။




ကစားသမားသစ် အန်သိုနီက သူ့ရဲ့ debut မှာတင် ဂိုးရခဲ့သလို ရော်နယ်ဒို ကလည်း အရန်ခုံကနေထလာပြီးနောက် အသင်းအတွက် ကောင်းကောင်း အကျိုးပြုခဲ့တာကို တွေ့ခဲ့ရပါတယ်။ ကိန်းက ယူနိုက်တက်ဟာ လက်ရှိမှာ ချန်ပီယံလိဂ်၀င်ခွင့်ကို ရယူနိုင်ဖို့ အတွက် လုံလောက်တဲ့ လူအင်အား ရှိနေတယ်လို့ ခံစားမိနေပါတယ်။




ကိန်းက “ကျွန်တော်ကတော့ ယူနိုက်တက်ဟာ top 4 ကို သေချာပေါက် ၀င်လိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ဟာ အခုချိန်မှာ လုံး၀ကို တောင့်တင်းပြီး အထိုင်ကျနေတဲ့ လူစာရင်းကို ပိုင်ဆိုင်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ သိတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ အပြောင်းအရွေ့ စျေးကွက်မှာ သူတို့ဟာ အသင်းမှာ ပျော်ရွှင်မှု မရှိတဲ့ ကစားသမား အများအပြားကို ရှင်းထုတ်ပစ်နိုင်ခဲ့ပါတယ်။ မန်နေဂျာ ကလည်း ကလပ်မှာ အထိုင်ကျလာခဲ့ပြီး ဒီနေ့မှာ အရန်ခုံတန်းက သူ့ရဲ့ option တွေကို ခင်ဗျားတို့ တွေ့ရမှာပါ။” လို့ ဆိုလိုက်ပါတယ်။




ကိန်းရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ ဂယ်ရီနဗီး ကတော့ ယူနိုက်တက်နဲ့ ပက်သက်ပြီး အနည်းငယ် သတိကြီးကြီးနဲ့ ပြောသွားခဲ့ပြီး သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ၃၈ ပွဲ ကစားရတဲ့ ရာသီတစ်ခုမှာ သူတို့ရဲ့ ပြိုင်ဘက်တွေနဲ့ match ဖြစ်နိုင်ဖို့ အတွက် ဆိုရင် ဒီထက် အများကြီး တိုးတက်ဖို့ လိုသေးတယ်လို့ ဆိုခဲ့ပါတယ်။




နဗီးက “လီဗာပူး မကြာခင် ပုံစံကောင်းနဲ့ ပြန်လာတော့မှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း သူတို့ လုပ်ပြထားတဲ့ အရာတွေကြောင့် ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ယူနိုက်တက်ဟာ top 4 ၀င်ခွင့် ရဖို့ အတွက် ရုန်းကန် ရလိမ့်မယ်လို့ ထင်ပါတယ်။” လို့ ဆိုလိ်ုက်ပါတယ်။




အာဆင်နယ်ကို အနိုင်ရခဲ့ပြီးနောက် အဲရစ်တန်းဟတ်က ပြီးခဲ့တဲ့ အပတ်တွေအတွင်း သူ့အသင်း ပြသခဲ့တဲ့ တိုးတက်မှု အပေါ် ၀မ်းမြောက်မိတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်ဖို့ အဝေးကြီး လိုသေးတယ်လို့ ၀န်ခံခဲ့ပါတယ်။




တန်းဟတ်က “ဒါဟာ process တစ်ခုပါ။ နေ့တိုင်း ကိုယ့်ရဲ့ standard ကို မြှင့်တင်သွားရမှာပါ။ ဒါဟာ ကျွန်တော့်ရဲ့ တောင်းဆိုမှု ဖြစ်ပြီး အသင်းရဲ့ ကစားသမားတိုင်း ဒီတောင်းဆိုမှုကို ရကြမှာပါ။ ဒီအသင်းမှာ ဖလားတွေ အများကြီး ဆွတ်ခူးခဲ့ဖူးတဲ့ ကစားသမားတွေ အများကြီး ရှိနေပြီး ကျွန်တော်တို့ ဒီ Standard ကို ရောက်အောင် သွားရမှာပါ။ ကျွန်တော့်ရဲ့ တာ၀န်က အားလုံးရဲ့ အကောင်းဆုံး အရည်အသွေးကို နေ့တိုင်း ထုတ်ယူသွားဖို့ပါ။

ကျွန်တော်တို့ အခု ယူရိုပါလိဂ် အကြောင်း စတင် စဉ်းစား သွားရမှာပါ။ ဒီနေ့ တိုတောင်းတဲ့ အောင်ပွဲခံမှုကို လုပ်သွားမှာ ဖြစ်ပြီး မနက်ဖြန်ကနေ စတင်ကာ လာမည့် ပွဲအကြောင်းကိုပဲ အာရုံစိုက်သွားပါမယ်။” လို့ ဆိုလိုက်ပါတယ်။crd