လေမတိုးခံစစ်ပွဲတိုင်းကျော် မာတီနက်ဇ်အနေနဲ့ လာမယ့် နောက်ပွဲတွေမှာ ပါဝင်နိုင်ပါမလားဆိုတာ ပြောဆိုလာတဲ့ တန်ဟက်
|မနေ့ညကတော့ မန်ယူအသင်းဟာ အာဆင်နယ်ကို ၃-၁ ဆိုတဲ့ရလဒ်နဲ့အိုးထရက်ဖို့ဒ်မှာအနိုင်ယူခဲ့ပါတယ်။မန်ယူအသင်းအတွက် အန်တိုနီနဲ့ ရက်ဖို့ဒ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုကတော့ ဒုတိယပိုင်းမှသာ အန်တိုနီရဲ့အစား၀င်ရောက်လာခဲ့တာဖြစ်ပြီး ရက်ဖို့ဒ်ရဲ့နှစ်ဂိုးလုံးမှာ စတင်သူဖြစ်ခဲ့ပါတယ်။
အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြတန်ဟက်ဂျ်က လူစားဝင်တိုက်စစ်မှူးရော်နယ်ဒိုကြောင့် ရက်ရှ်ဖို့ဒ်ဂိုးတွေရခဲ့တာလို့ ပြောဆိုလိုက်ပါတယ်။ဒါဟာ သူ ယူနိက်တက်နည်းပြဖြစ်လာပြီးနောက်ပိုင်း ရော်နယ်ဒိုရဲ့ ကွင်းတွင်းခြေစွမ်းကို ပထမဆုံးအကြိမ်ချီးကျူးလိုက်တာဖြစ်ပြီး မကြာခင်မှာ ရော်နယ်ဒိုက ပုံမှန်ကစားခွင့်ပါပြန်ရလာနိုင်မယ့် အနေအထားမှာ ရှိနေခဲ့ပါပြီ။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ အာဆင်နယ်ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်ပြီးခါနီးမှာ ကြိုတင်ကာကွယ်မှုအဖြစ် လူစားလဲခံခဲ့ရပါတယ်။သူ့ရဲ့ သရဲနီကစားသမားဘ၀ကို ခက်ခဲစွာစတင်ခဲ့ပြီးနောက်မှာတော့ သူရဲကောင်းတစ်ဦးအဖြစ် လျင်မြန်စွာသက်သေပြထားပြီး အရပ်အမောင်းမရှိခြင်းအတွက် လှောင်ပြောင်မှုတွေကို ရပ်တန့်နိုင်ခဲ့ပါတယ်။
မာတီနက်ဇ်ဟာ ယူနိုက်တက်နဲ့အာဆင်နယ်ပွဲစဉ်မှာလည်း ခြေစွမ်းကောင်းပြထားနိုင်ခဲ့ပြီး ယူနိုက်တက်က ၃ – ၁နဲ့ အသာစီးရနေချိန် ပွဲပြီးခါနီး ၁၀မိနစ်အလိုမှာ ဒဏ်ရာအသေးစားရရှိခဲ့တာကြောင့် မက်ဂွိုင်းယားနဲ့ အစားထိုးခဲ့ရပါတယ်။TyC Sport ရဲ့ အဆိုအရ မာတီနက်ဇ်ဟာ ဒဏ်ရာအနည်းငယ်ရနေပေမယ့် တနင်္ဂနွေနေ့ Selhurst Park မှာ ခရစ်စတယ်ပဲလေ့စ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ အလားအလာရှိနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က မာတီနက်ဇ်ဟာ ယူနိုက်တက်အတွက် မရှိမဖြစ်လိုအပ်တယ်လို့ယူဆနေပြီးသူ့ရဲ့ခြေစွမ်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ တိုးတက်လာတယ်လို့ ယုံကြည်နေပါတယ်။အာဆင်နယ် မန်နေဂျာက သူ့အသင်းဟာ အနည်းဆုံးတစ်မှတ်ရပြီး အိုးထရက်ဖို့ဒ်က ထွက်လာဖို့ ထိုက်တန်တယ်လို့ခံစားရပေမယ့် စခိုးလ်က အာဆင်နယ်ရဲ့ ဘောလုံးပိုင်ဆိုင်မှုအသာစီးယူမှုဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြောဆိုပါတယ်။
crd