အန်တိုနီနဲ့ပတ်သက်လို့ ပြောစရာရှိတာလေးတွေ ဖွင့်ဟပြီး ကျန်၁၉သင်းကိုပါ သတိပေး စကားပါးလိုက်တဲ့ ဖာနန်ဒက်

ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်က အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် အန်တိုနီဟာ ဖိအားတွေကို တွန်းလှန်နိုင်ကြောင်း သတိပေးပြောကြားလိုက်ပါတယ်။




ယူနိုက်တက်ဟာ အေဂျက်အသင်းထံကနေ အန်တိုနီကို ပေါင် ၈၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့ဂိုးနဲ့ပဲ အာဆင်နယ်ကို ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ရက်ရှ်ဖို့ဒ်က ယူနိုက်တက်အတွက် အနိုင်ဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ကာ အန်တိုနီက ရော်နယ်ဒိုနဲ့ လူစားလဲခံခဲ့ရပါတယ်။




အန်တိုနီစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က “သူက တကယ့်ကို အံ့ဖွယ်ကစားသမားပါ။ ကျွန်တော်အရမ်းအံ့သြမိပါတယ်။ ဒီနေ့ပွဲမှာ သူလုပ်ပြခဲ့တာတွေအတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်တို့နဲ့ လေ့ကျင့်ချိန်အများကြီးမလုပ်ရသေးပေမယ့် သူအကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူထံကနေ အခုထက်ပိုပြီး မျှော်လင့်လို့ရပါတယ်။ ဖိအားတွေအများကြီးပေးလည်း သူက ဖိအားတွေကို ကျော်ဖြတ်နိုင်မယ့်သူမျိုးပါ။ ပရီးမီးယားလိဂ်မှာ အသားကျလာနိုင်ပြီး ပိုကောင်းလာနိုင်ပါတယ်။




အားလုံးက ကျစ်ကျစ်လစ်လစ်ကစားနိုင်ခဲ့ပါတယ်။ အတူတကွ ပေါင်းစပ်ပြီး လုပ်ဆောင်နိုင်တာကြောင့် ၃ မှတ်ပြည့်ရခဲ့ပါတယ်။ တခါတလေမှာ ခံစစ်ကလျော့ရဲနေရင် ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒီနေ့အတိုင်းသာ ကစားနိုင်မယ်ဆိုရင် ဂိုးမပေးရနိုင်သလို ဂိုးလည်းအများကြီးသွင်းနိုင်မှာပါ။ တန်ပြန်တိုက်စစ်ကနေ ကျွန်တော်တို့ ခြိမ်းခြောက်နိုင်တယ်ဆိုတာ သိပါတယ်။ ဒီထက်ပိုကောင်းအောင် ကစားနိုင်တယ်ဆိုတာလည်း သိပါတယ်”လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။




crd