လေးပွဲဆက်နိုင်နေတဲ့ နောက်ကွယ်က အဓိကလမ်းပြ ကူညီပေးနေတဲ့ ကစားသမားတယောက်ကို ဖော်ထုတ်လိုက်တဲ့ နဗီး

0
518

ဂယ်ရီနဗီးက ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း မြင်တွေ့ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပုံစံကောင်းမှာ အဓိကကျခဲ့တဲ့ ကစားသမား ဖြစ်တဲ့ ဘယ်နောက်ခံလူတိုင်ရယ်မာလာစီးယားကို အထူး ချီးကျူးသွားခဲ့ပါတယ်။ သရဲနီ တို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်ကို အိုးထရပ်ဖို့ဒ်မှာ ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် နောက်ဆုံး ၄ ပွဲဆက်တိုက် အနိုင်ရရှိထားခဲ့ပါတယ်။




ဒါ့ကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို တက်လာခဲ့ပြီး ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ၃ မှတ်သာ ကွာဟပါတော့တယ်။မန်ယူနိုက်တက်ဟာ ဒီရာသီ အစမှာတုန်းက ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့ အပြင် ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ၄-၀ နဲ့ ဂိုးပြတ် ရှုံးခဲ့တာကြောင့် ဒီလို အနေအထားကို ရောက်လာလိမ့်မယ်လို့ လူတော်တော်များများ ထင်ထားကြမှာ မဟုတ်ပါဘူး။




ယူနိုက်တက်ဟာ အဆိုပါ ပွဲစဉ် နောက်ပိုင်း အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီး အဲရစ်တန်းဟတ်ဟာ ဘရန့်ဖို့ဒ်ကို ရှုံးခဲ့တဲ့ ပွဲစဉ်က သူ့လူစာရင်းကို အပြောင်းအလဲတွေ လုပ်ရန် ဆုံးဖြတ်ချက် ချမှတ် ခဲ့ပါတယ်။
အဲဒီနောက် လီဗာပူးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ တန်းဟတ်ဟာ ရော်နယ်ဒို မက်ဂွိုင်းယား လူ့ရှော တို့ကို အရန်ခုံကို ပို့ပြီး ဗာရန်း မာလာစီးယား အီလန်ဂါ တို့ ပွဲထွက်စေခဲ့ပြီး အိုးထရပ်ဖို့ဒ်မှာ ၂-၁ နဲ့ အနိုင်ကစားခဲ့ပါတယ်။




အထူးသဖြင့် ယူနိုက်တက်ရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ မာလာစီးယားဟာ အကောင်းဆုံး ပုံစံ ပြသကာ အသင်းကို ရလဒ်ကောင်းတွေ ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ဂနဗီး ကလည်း မာလားစီးယားရဲ့ အကြောက်တရား ကင်းကင်းနဲ့ အားထုတ်ကစားပုံဟာ ကျန်တသင်းလုံးကို သက်ရောက်မှု ရှိစေခဲ့တယ်လို့ ယုံကြည်နေပါတယ်။




ယူနိုက်တက်ကို ဘယ်သူက ပြောင်းလဲစေခဲ့သလဲ ဆိုတဲ့ မေးခွန်းကို နဗီးက “လူတစ်ချို့ ကတော့ ဒါဟာ မန်နေဂျာကြောင့်လို့ ပြောကြမှာပါ။
တစ်ချို့ကတော့ ခရစ်စတီယာနိုရော်နယ်ဒို နဲ့ ဟယ်ရီမက်ဂွိုင်းယား တို့ကို အရန်ခုံ ပို့ဆောင်ခဲ့တဲ့ အပြောင်းအလဲတွေကြောင့်လို့ သုံးသပ်နေကြမှာပါ။ ခင်ဗျားတို့ သတိထားမိလားတော့ မသိပါဘူ။




ကျွန်တော် ကတော့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ကျွန်တော် တွေ့ခဲ့ရတဲ့ အရာလေးကို ထောက်ပြချင်ပါတယ်။ ဒါကတော့ မာလာစီးယား ပါပဲ။
သူဟာ ကွင်းထဲမှာ personality ၊ တိုက်ပွဲ၀င်မှု နဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်ကို ပြသခဲ့ပါတယ်။ ရိုးရိုးသားသား ပြောရရင် လီဆန်ဒရိုမာတီနက်ဇ်ဟာ ဘရန့်ဖို့ဒ်ကို ယူနိုက်တက်တို့ ရှုံးခဲ့တဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ မပါ၀င်ခဲ့ပါဘူး။

ဘာလို့လဲဆိုတော့ သူဟာ လူစားလဲခံ ခဲ့ရလို့ပါ။ မာလာစီးယားကြောင့် လီဗာပူးနဲ့ ပွဲမှာ ယူနိုက်တက်ရဲ့ ကစားအားက ပိုပြီး ကောင်းမွန်လာခဲ့ပါတယ်။ အဲဒီကနေ တဆင့် ဒီယိုဂိုဒါးလော့ ကလည်း အများကြီး aggressive ဖြစ်လာခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။
ကွင်းလယ် ကစားသမားတွေ ကလည်း အနည်းငယ် ပိုပြီး aggressive ဖြစ်လာကြပါတယ်။ ခေါင်းဆောင်မှု စွမ်းရည်ကို ပြသဖို့ အတွက် ကစားသမား တစ်ဦးသာ လိုအပ်ခဲ့ပါတယ်။




ကွင်းထဲမှာ အော်ဟစ်ညွှန်ကြားနေတဲ့သူ ဒါမှမဟုတ် အသင်းခေါင်းဆောင် ဖြစ်နေမှ မဟုတ်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။crd