ကလော့ပ် Vs တန်ဟက် Vs ဂွာဒီယိုလာတို့ကို နှိုင်းယှဥ်ပြရင်း ဘယ်သူပိုကောင်းတဲ့ နည်းပြလဲဆိုတာ ပြောဆိုလိုက်တဲ့ ပေါလ်စခိုး

မန်ချက်စတာ ယူနိုက်တက်မှာ နည်းပြ တန်ဟက် က တိုးတက်ပြောင်းလဲမှုတွေကို သိမ်မွေ့စွာ ဖော်ဆော်ငနေတဲ့ အပေါ် သရဲနီဟောင်းကြီး ပေါစခိုးလ်က အားရ ကျေနပ်နေပြီး နယ်သာလန်သား နည်းပြကြီးဟာ ပရီးမီးယားလိဂ်မှာ ကြီးစိုးနေတဲ့ ပက် ဂွာဒီယိုလာနဲ့ ယာဂင်ကလော့ပ် တို့ကို ကျော်ဖြတ်နိုင်မယ့် သူလို့ ယုံကြည် ထောက်ခံလိုက်ပါတယ်။




အဲရစ်တန်ဟက်ဟာ ယာဂင်ကလော့ပ်၊ ပက် ဂွာဒီယိုလာနဲ့ မီခေးလ် အာတီတာ တို့လို ခေါင်းမာခြင်း မရှိတာကြောင့် ပြိုင်ဘက် နည်းပြတွေထက် သာလိမ့်မယ်လို့ ပေါစခိုးလ်က ယုံကြည်နေပါတယ်။မန်ချက်စတာ ယူနိုက်တက် မန်နေဂျာဟာ ပရီးမီးယားလိဂ်မှာ လေးပွဲ ဆက် နိုင်ပွဲ ယူထားပြီး အသင်းကို လမ်းကြောင်း မှန်ပေါ် ပို့ဆောင်ပေးထားနိုင်ခဲ့ပါတယ်။ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ နှစ်ပွဲ ဖြစ်တဲ့ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့နဲ့ ပွဲတွေမှာ အရေးနိမ့်ခဲ့ပေမယ့် နောက်ပွဲတွေမှာ ဆက်တိုက် နိုင်ပွဲ ယူနေခဲ့တာပါ။




စခိုးလ်ကတော့ အသင်း အောင်နိုင်ဖို့ အတွက် သူ့ရဲ့ ဘောလုံး အတွေးအခေါ်တွေကို ဘေးဖယ်ထားပြီး လိုအပ်တဲ့ ပြောင်းလဲမှုတွေကို လုပ်ဆောင်ခဲ့တဲ့ နည်းပြတန်ဟက် အပေါ် အထင်ကြီး သဘောကျနေတာပါ။
” အခု လက်ရှိ လူစာရင်းက ကစားသမားတွေက သူ ကစားချင်တဲ့ ဟန်နဲ့ဆို သင့်တော်တဲ့သူတွေ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ဒါပေမယ့် သူက ဒီ ရှိတဲ့ ကစားသမားတွေနဲ့ ဘယ်လို နိုင်အောင် ကန်မလဲ ဆိုတဲ့ နည်းလမ်းကို ရှာတွေ့ခဲ့တယ်။




ကျနော်တို့ ဘောလုံးနဲ့ ပတ်သတ်ပြီး ဖလော်တွေ အတွေးအမြင်တွေပဲ ပြောလေ့ရှိကြတယ် မဟုတ်လား။ အဲဒီလို မန်နေဂျာတွေက ခေါင်းမာပါတယ်။ အာတီတာ ကလည်း ခေါင်းမာတယ်၊ ဂွာဒီယိုလာရောပဲ၊ ယာဂင်ကလော့ပ်လည်း ခေါင်းမာပါတယ်။ဒါပေမယ့် ဒီလူ (တန်ဟက်) ကတော့ အသိအမှတ်ပြု ချီးကျူးရလိမ့်မယ်။ သူက သူ အကောင် အထည် ဖော်ချင်တာနဲ့ လုံးဝ မအပ်စပ်သည့်တိုင် ရအောင် လုပ်ဆောင်တယ်။




အခုချိန်မှာ ဘောလုံးရာသီ အစတုန်းက အလုပ်မဖြစ်ခဲ့တဲ့ ပုံစံတွေ ဘာလို့ ပြန် အကောင်အထည် ဖော်နေမလဲ။ သူ့ အနေနဲ့ ဒီ ကစားသမား
အစုအဖွဲ့နဲ့ အတူ ကောင်တာ တိုက်စစ် ကစားဖို့ နည်းလမ်းတွေ့သွားပြီ။ ဘာလို့ ပြန် ပြောင်းလဲနေမလဲ။ ” လို့ ပေါစခိုးလ်က ထောက်ပြသွားခဲ့ပါတယ်။နည်းပြ တန်ဟက်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ခရီးရှည်ကြီး သွားရဦးမှာ ဖြစ်ပြီး တကယ့် စိန်ခေါ်မှုတွေ ရင်ဆိုင် လာရဦးမယ် လို့ တည်တည်ငြိမ်ငြိမ် ခံယူထားပါတယ်။အာဆင်နယ် ကို နိုင်တဲ့ ပွဲ အပြီးမှာလည်း ခဏ အောင်ပွဲခံပြီးရင် နောက်ပွဲ အတွက် အာရုံစိုက်ရမှာ၀ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့တာပါ။




Crd