ယူရိုပါလိဂ်ပြိုင်ပွဲ ဆိုစီဒတ်အသင်းနဲ့ အဖွင့်ပွဲစဥ်မှာ ယူနိုက်တတ်တို့ ဘာတွေ အပြောင်းအလဲလုပ်သွားမလဲဆိုတာ အတည်ပြုပြောကြားလိုက်တဲ့ တန်ဟက်
|ခရစ်စတီယာနိုရော်နယ်ဒို နဲ့ ဟယ်ရီမက်ဂွိုင်းယား တို့ဟာ ကြာသပတေးနေ့မှာ စတင်မယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းနေရာကို ပြန်လည်ရောက်ရှိလာနိုင်ပါတယ်။
ရော်နယ်ဒိုနဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားတို့ဟာ ဩဂုတ်လက ဘရန့်ဖို့ဒ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကတည်းက ယူနိုက်တက်အတွက် မစတင်နိုင်သေးပါဘူး။
အဲ့ဒီအချိန်ကစပြီး ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၅) အထိ လေးပွဲဆက်အနိုင်ရခဲ့ပေမယ့် နည်းပြတန်ဟက် ကတော့ ယူရိုပါလိဂ် ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းကို ပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေပါပြီ။
တန်ဟက်ဟာ ပွဲထွက်ခွင့်လိုအပ်နေတဲ့ ကစားသမားတွေကို အခွင့်အရေးပေးမှာဖြစ်တာကြောင့် စီရော်နယ်ဒိုနဲ့ မက်ဂွိုင်းယားတို့ဟာ လင်ဒီလော့ဖ်၊လုခ်ရှောတို့နှင့်အတူ စတင်မှာဖြစ်ပါတယ်။တန်ဟက်ဟာ တနင်္ဂနွေနေ့ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီမှာ မာတီနက်ဇ်၊ဗာရန်း၊မာလာစီယာ တို့ကို အနားပေးဖို့ရှိနေပါတယ်။အရေးကြီးတဲ့ကစားသမားတွေကို ပရီးမီးယားလိဂ်မှာပဲ ထည့်သုံးဖို့ ရည်ရွယ်ထားပုံပါပဲ။
ကတ်စ်မဲရိုးကိုလည်း တနင်္ဂနွေနေ့က အာဆင်နယ်ကို 3-1 နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပထမဆုံးဂိုးသွင်းခဲ့တဲ့ ဘရာဇီးအသင်းဖော် အန်တိုနီနဲ့အတူ စတင်ဖို့စီစဉ်နေပြီး ဖရက်ဒ်နဲ့ အန်တိုနီအယ်လန်ဂါတို့ကိုလည်း ပြန်လည်ခေါ်ယူဖို့ စီစဉ်ထားပါတယ်။နည်းပြတန်ဟက်ဟာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်တို့မှာ မတူညီတဲ့ ကစားသမားတွေကို အသုံးပြုလာဖွယ်ရှိပြီး လူတိုင်းပါဝင်နိုင်အောင် ကြိုးစားမယ်လို့ အလေးပေးပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ မန်ယူအသင်းက ၄ပွဲဆက်နိုင်ထားပြီး အကောင်းဆုံးခြေစွမ်းပြတွေပြသကာ လီဗာပူးနဲ့ ၅ပွဲဆက်နိုင်ထားတဲ့အာဆင်နယ်အပါအ၀င် ၄ပွဲဆက်အနိုင်ယူထားတာဖြစ်ပါတယ်။
crd