ပွဲကသာ ပြီးသွားတာ မီးကတော့ ခုထိ မသေသေးပဲ တောက်လောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ်

0
149

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရှုံးပွဲ မရှိ‌သေးတဲ့ အာဆင်နယ် ကို အိုးလ်ထရပ်ဖို့ဒ်မှာ ဧည့်ခံကစားခဲ့ပြီး 3-1 ရလဒ်နဲ့ အနိုင်ယူခဲ့ကာ လေးပွဲဆက် နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ်။




ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် အဖွင့်ဂိုးကို ကစားသမားသစ် အန်တိုနီ က သွင်းယူပေးနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဆာကာ က ခြေပဂိုး ပြန်လည် သွင်းယူခဲ့ပါတယ်၊ဒါပေမယ့် ရပ်ရှ်ဖိုဒ် က နှစ်ဂိုး ဆက်လက် သွင်းယူခဲ့ပြီး 3-1ရလဒ် ထွက်ပေါ်စေခဲ့တာပဲ ဖြစ်ပါတယ်။




အာဆင်နယ် အသင်းက ဘောလုံးကိုင် ကစားပြီး ဖိအား ပိုမို ပေးနိုင်ခဲ့ပေမဲ့ အဆုံးသတ် စွမ်းရည်ပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက် တို့ အသာစီး ရယူနိုင်ခဲ့ပြီး ပွဲအဖြေကို ပရိသတ်တွေ လိုချင်နေခဲ့သလို ထုတ်နိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။




အဆိုပါ ပွဲစဥ် အပြီးမှာ ဘောလုံး လောကရဲ့ ထုံးစံ အတိုင်း ဘယ်အသင်း ပိုကောင်းတယ် ဆိုတဲ့ ငြင်းခုံမှုနဲ့ သုံံးသပ်မှုတွေလည်း အများကြီး ထွက်ပေါ်ခဲ့ပါသေးတယ်။အဲ့ဒီထဲမှာ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း နဲ့ အာဆင်နယ် ဂန္တဝင်် ပေါလ်မာဆင် တို့လည်း အမြင်မတူ သဘောထား ကွဲလွဲခဲ့ကြပါတယ်။




အာဆင်နယ် ဒီရောက်လာခဲ့ပြီး ချီးကျူးမှုတွေ ရရှိနိုင်ခဲ့ပါတယ်၊ ကျွန်တော် ဒီမှာ ရှိခဲ့စဥ်ကလည်း အသင်းတွေ ဒီကို ရောက်လာပြီး ပွဲကောင်း ပိုင်ဆိုင်နိုင်ခဲ့ ကြဖူးပါတယ်၊ ဒါပေမဲ့ ချီးကျူးမှုတွေ လက်ခုပ်သံတွေကြောင့် ကျွန်တော်ဖြင့် တစ်ခါမှ စိတ်မပျက်ခဲ့ရဖူးပါဘူး။




ကျွန်တော်ဟာ ရလဒ်ကြောင့် စိတ်ပျက်ခဲ့ရတာမျိုးပဲ ရှိခဲ့ဖူးပါတယ်၊ အခုလည်း ခင်ဗျားတို့ အာဆင်နယ် အသင််းကို စိတ်ရှိသလောက် ချီးကျူးလို့ရပါတယ်၊ ကျွန်တော့် အတွက် အရေးကြီးတာက ရလဒ်ပါပဲ၊ ပြီးတော့ ဘောလုံး ပွဲစဥ်တွေ အနိုင်ရဖို့ပါပဲ။

လို့ ရွိုင်ကိန်း က ပြောခဲ့ရာမှာ ပေါလ်မာဆင်က-
ငါတို့ကတော့ အိမ်ပြန်တဲ့ အခါမှာ သီချင်းဆိုသွားကြမှာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ ကောင််းကောင်း ကစားနိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့တာလေ၊ အမှိုက်ပါပဲ၊ တကယ့် အမှိုက်ပါပဲ၊ ဘောလုံးမှာ အရေးကြီးတာက ရလဒ််ပဲ ဆိုတာပေါ့။




ဒီ အာဆင်နယ် ကစားသမားတွေနဲ့ ပတ်သက်လို့ မေးခွန််းထုတ်စရာ တစ်ခုတော့ ရှိပါတယ်၊ သူတို့ရဲ့ ရာသီ အစ က ခမ်းနားခဲ့ပါတယ်၊ သူတို့ဟာ 1-1 ဖြစ်အောင် ကစားပြီးမှ ရှုံးခဲ့ကြပါတယ်၊ အနည်းဆုံး သရေတော့ ရခဲ့သင့်ပါတယ်။သူတို့ရဲ့ ကစားပုံက စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။ လို့ ပေါလ်မာဆင် က ပြန်လည် ပြေဆိုာခဲ့တာပဲ ဖြစ်ပါတယ်။crd