ပြန်လည်းမွေးဖွားလာတဲ့ယူနိုက်တတ်တိုက်စစ်မှူးဟာ အန္တရာယ်အရမ်းများတယ် ဒါပေမယ့် ထိန်းချုပ်လို့ရတဲ့ (၂)နည်းရှိတယ်လို့ ဖွင့်ဟလိုက်တဲ့ အီယန်ရိုက်

အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ အီယန်ရိုက်က တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် ဒါဘီမှာ အသင်းဟောင်းဖက် နှစ်ဂိုး သွင်းယူသွားနိုင်ခဲ့တဲ့ ယူနိုက်တက် တိုက်စစ်ကစားသမားလေး မားကပ်စ် ရပ်ရှ်ဖို့ ကို အမွှမ်းတင် ချီးကျူးသွားခဲ့လိုက်ပါတယ် ။




ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်ဟာ ပြီးခဲ့တဲ့ ရက် သတ္တပါတ်တွေ တုန်းက တောင်ပံ တိုက်စစ် ကစားသမား ဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ ကို အထောင်တိုက်စစ်မှူး နေရာမှာ ထားပြီး ကစားစေခဲ့ပါတယ် ။ ဒီအတွက် ရလဒ်တွေက ကျေနပ်ဖွယ် ဖြစ်ခဲ့ရပါတယ် ။




အန်သိုနီ မာရှယ် ဒဏ်ရာ ပြသနာတွေ ကြုံတွေ့ခဲ့ပြီး ရပ်ရှ်ဖို့ အထောင် တိုက်စစ်မှူး အဖြစ်နဲ့ ကစားခဲ့ရတဲ့ လီဗာပူး ၊ ဆောက်သမ်တန် ၊ လက်စတာ စီးတီး ၊ အာဆင်နယ် အသင််းနဲ့ ပွဲစဥ်တွေမှာ ယူနိုက်တက် တို့ဟာ လေးပွဲဆက် နိုင်ပွဲ ရယူသွားနိုင်ခဲ့ကြပါတယ် ။




ရပ်ရှ်ဖို့ ဟာ အဆိုပါ ပွဲစဥ် လေးပွဲမှာ ယူနိုက်တက် အတွက်် ကိုယ်တိုင် 3 ဂိုး သွင်းယူ ၊ 2 ဂိုး ဖန်တီး ပေးသွားနိုင်ခဲ့ပါတယ် ။ အထူးသဖြင့် အာဆင်နယ် နဲ့ ပွဲစဥ်မှာ အသင်း အတွက် 2 ဂိုး သွင်း ၊ 1 ဂိုး ဖန်တီးကာ အသင်းရဲ့ သွင်းဂိုး 3 ဂိုးလုံးနဲ့ ပါဝင် ပတ်သက်နိုင်ခဲ့ ပါတယ် ။




အခုတော့ အာဆင်နယ် ဂန္တဝင် အီယန် ရိုက် က သူ့ရဲ့ အသင််းဟောင်း ကစားပုံကောင်းခဲ့ပြီး ရလဒ် မကောင်းခဲ့တဲ့ အပေါ် မပျော်မရွှင် ဖြစ်ခဲ့ရပေမဲ့ ပုံစံကောင်း ပြန်လည်ပြနိုင်ခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရပ်ရှ်ဖို့ ကြောင့် စိတ်ကျေနပ်ခဲ့ရကြောင်း ​ဝန်ခံခဲ့လိုက်ပါတယ် ။

” ကျွန်တော် ရပ်ရှ်ဖို့ နဲ့ ပတ်သက်လို့ တကယ်ပဲ ကျေနပ်မိခဲ့ပါတယ် ။ ဒီပွဲက လီဗာပူးနဲ့ ပွဲလိုမျိုး ဖြစ်ခဲ့ရတယ်လေ ။ သူရဲ့ လုပ်ပုံတွေက သူဘာလဲဆိုတာကို ပြန်လည်ပြသနိုင်ခဲ့ပါတယ် ။ သူကသာ ပထမဂိုးကို လွဲချော်ခဲ့ရင် အနှုတ်လက္ခဏာဆောင်ကျဥ်းမှုတွေ လွှမ်းမိုးခံခဲ့ရမှာပါပဲ ”




” သူနောက်ဆုံး ကစားခဲ့တဲ့ပုံစံ ၊ အာဆင်နယ်နဲ့ ပွဲစဥ်မှာ ဂိုး 2 ဂိုး သွင်းခဲ့တဲ့ အနေအထားကို ကြည့်လိုက်ရင် ကွင်းထဲ ရောက်တာနဲ့ ငါဂိုးသွင်းရမယ်လို့ ခံယူထားတဲ့ ပုံစံမျိုး ပေါ်လွင်နေခဲ့ပါတယ် ။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော်ဖက်က စောဒက တက်မှာ မဟုတ်ပါဘူး ၊ ဘာလို့လဲဆိုတော့ အာဆင်နယ် အသင်းကလည်း မှန်ကန်တဲ့ စိတ်ဓါတ်ခံယူချက်နဲ့ ကစားနိုင်ခဲ့တယ်လေ ”

” မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စွမ်းဆောင်ရည် အခုလို အတက်ဖက် ရောက်နေချိန်မှာ ခင်ဗျား အနေနဲ့ ဒီလို ကစားသမားမျိုးကို ယုံကြည်မှုတွေ ပြန်ရစေချင်မှာ မဟုတ််ပါဘူး ။ အဲရစ်ဆင် က ကောင်းပြီးသားပါ ။ ရပ်ရှ်ဖို့ ကတော့ တဖန် ပြန်လည် မွေးဖွားလာသလိုပါပဲ ။ သူဟာ မီးဖိုပေါ် အိုးတင်ပြီး ကြော်လှော်ဖို့ အသင့်ဖြစ်နေပါပြီ ”

” သူဟာ စွမ်းဆောင်ရည်တွေ ပုံမှန် ပြသနေခဲ့ပါပြီ ။ သူ့ရဲ့ ပုံစံက ရပ်တန့်လို့ မရနိုင်တော့မယ့် အတိုင်းကြီးပါပဲ ။ သူ့ကို ရပ်တန့်လို့ ရနိုင်မယ့် နည်းလမ်းက သူ့ဆီ ဘောလုံး ရောက်အောင် မပေးနိုင်တာ နဲ့ သူ့ရဲ့ ထိချက် လုံလောက်စွာ မကောင်းတာ ဆိုပြီး နှစ်မျိုးပဲ ဖြစ်နိုင်ခြေ ရှိနေသလို ပါပဲ ”




” သူ့ရဲ့ အဆုံးသတ်မှု နှစ်ခုလုံး (သွင်းဂိုး 2 ဂိုး) က နည်းနည်းလောက် လက်ဦးဖို့ပဲ လိုခဲ့တာပါ ။ ဒီအချိန်တွေမှာ သူ့ဖက်က ကံကြမ္မာပါနေခဲ့ပါတယ် ။ ဒီလို အနေအထားမှာ သူ့ရဲ့ မြန်နှုန်းက ပြိုင်ဖက် အတွက် $ ရမ်း အန္တရာယ် များစေခဲ့တာပါပဲ ” လို့ အီယန်ရိုက် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။crd