ရော်နယ်ဒို ကြောင့် အထုတ်ခံလိုက်ရတဲ့တူချယ်လို့ ပြောဆို…

နည်းပြတူချယ်ဟာ သူ့ရဲ့ ချယ်ဆီးနည်းပြ ပွဲ ၁၀၀ ပြည့်နဲ့ အသင်းပိုင်ရှင်သစ်တွေရဲ့ ကလပ်ကို ပိုင်ဆိုင်မှု ရက် ၁၀၀ ပြည့်မှာတင် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီ ဖြစ်ပါတယ်။ဒီကိစ္စ နောက်ကွယ်က အခြေအနေတွေအကြောင်း တယ်လီဂရပ်မှ ချယ်ဆီး သတင်းထောက် Matt Law က ထုတ်ပြောရာမှာ ပိုင်ရှင် ဘိုလီတို့က ရေရှည်အတွက် တူချယ်နဲ့ အဆင်ပြေမှာ မဟုတ်ဘူးလို့ ယုံကြည်ခြင်းဟာ ဒီလမ်းခွဲမှုကို ဖြစ်လာစေခဲ့တယ်လို့ သိရတာဖြစ်ပါတယ်။




ဘိုလီတို့က ကစားသမားတွေ၊ နည်းပြနဲ့တကွ ချယ်ဆီးအသင်းမှာ သူတို့ လုပ်ဆောင်မယ့် ကိစ္စတွေကို ရေရှည်အတွက်ပဲ ရည်ရွယ်ထားတာပါ။ သူတို့ဟာ ချယ်ဆီးအသင်းကို ယဉ်ကျေးမှုအသစ်တွေ မိတ်ဆက်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ အစောပိုင်းမှာတော့ ဒီပလန်တွေမှာ တူချယ်ကိုလည်း ထည့်သွင်းထားခဲ့ပါတယ်။အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ တူချယ် အလိုရှိတဲ့ အူဘာမီယန်ကို ခေါ်ယူခဲ့တာကလည်း ပြဿနာကို မီးထိုးပေးသလို ဖြစ်လာခဲ့တယ်။ ဘိုဟီနဲ့ သူ့ရဲ့ ပါတနာတွေက စတမ်းဖိုဒ့်ဘရစ်ချ်မှာ သူတို့ မိတ်ဆက်လိုတဲ့ ယဉ်ကျေးမှုအသစ်တွေ အတွက် တူချယ်က ကူညီပေးနိုင်မယ့်သူ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။




မူလကတော့ ဘိုဟီတို့က တူချယ်ကို ဆက်ပြီး ယုံကြည်ပေးဖို့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လက်တွဲလုပ်ဆောင်မှု အချိန်ကြာလာလေ ပိုင်ရှင်အဖွဲ့နဲ့ နည်းပြကြားမှာ ပျော်ရွှင်မှုတွေ အေးစက်လာလေ ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် ဘိုင်လီတို့က သူတို့ သွားလိုတဲ့ ကာလရှည် အနေအထားမှာ တူချယ်နဲ့ မဖြစ်ဘူးလို့ သံသယ ရှိလာခဲ့ပါတယ်။




သူတို့နဲ့ အယူအဆပိုင်း မကိုက်ညီမှုတွေကြောင့် ဥက္ကဋ္ဌ Bruce Buck နဲ့ ဒါရိုက်တာ Marina Granovskaia တို့ကို ထုတ်ပယ်ခဲ့ပြီး လူမြင်ကွင်းမှာ ပြဿနာကြီးတွေ ပေါ်ပေါက်လာခဲ့ခြင်း မရှိပါဘူး။ အစောပိုင်းမှာတုန်းက ပီတာချက်ကလည်း အသင်းမှာ ဆက်နေမယ့် အခြေအနေတွေ ပြသခဲ့ပြီး နောက်ပိုင်းမှ ထွက်ခွာသွားခဲ့ပါတယ်။




ဘိုလီတို့က WhatsApp group ဖွဲ့ခြင်းနဲ့အတူ အသင်းတွင်း ဆက်ဆံရေး တိုးတက်လာဖို့ လုပ်ဆောင်လိုပြီး တူချယ်ကတော့ အဲ့လိုတွေမှာ ပါဝင်ခြင်းထက် သူ့ရဲ့ နည်းပြအဖွဲ့နဲ့ လေ့ကျင့်ရေးမှ အဖြေရှာဖို့ကိုပဲ ပိုစိတ်ဝင်စားပါတယ်။နွေဈေးကွက်အတွင်း ဘိုလီတို့က ရော်နယ်ဒိုကို ခေါ်ယူလိုချိန်မှာလည်း သဘောထားကွဲလွဲခဲ့ပြီး တူချယ်က ခေါ်ယူဖို့ သဘောမတူခဲ့သလို ပေါ်တူဂီသားကို ဘာလို့ မခေါ်ချင်သလဲ ရှင်းပြရတာကိုတောင် ဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။




ယခုနှစ် နွေရာသီအပြောင်းရွှေ့မှာ Chelsea အသင်းပိုင်ရှင်သစ် ဘိုလေဟာ တိုက်စစ်မှုး ရော်နယ်ဒိုကို ခေါ်ယူဖို့ အလုံးစုံသဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပေမယ့် သောမတ်စ်တူဟယ် က ရော်နယ်ဒိုကို ခေါ်ယူဖို့ ငြင်းပယ်ခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်ကိုပဲ အစားထိုးခေါ်ယူခဲ့တာဖြစ်ပါတယ်။

တူချယ်ကို မထုတ်ပယ်ခင်မှာ အဝတ်လဲခန်းထဲက အသံတွေကို နားထောင်ဖို့လည်း ချယ်ဆီးပိုင်ရှင်တွေက ဂရုစိုက်ခဲ့ပါတယ်။ အသင်းသားတွေကြာ ၂၀၂၁ ခုနှစ်က ချန်ပီယံလိဂ်ဖလား အောင်မြင်အောင် ကူညီပေးခဲ့တဲ့ ဂျာမာန်သားအပေါ် ယုံကြည်မှုတွေ ပျောက်ကွယ်လာခြင်းက ဒီလို ရာထူးကနေ ထုတ်ပယ်ဖို့ အဓိက အကြောင်းရင်းထဲ ပါဝင်လာခဲ့တယ်။




ဒီနွေမှာ ထွက်ခွာဖို့ ကြိုးစားခဲ့ပြီး အသင်းမှာ ဆက်ရှိနေခဲ့တဲ့ ဇီယက်စ်၊ ပူလီဆစ်တို့အပေါ် ဆက်ဆံခြင်းတွေကအစ လေ့ကျင့်ရေးကွင်းနဲ့ ပွဲနေ့ ရွေးချယ်မှုတွေအထိ ကစားသမားတွေကြား ဝေဖန်ခြင်းတွေ ခံလာရကာ တူချယ်ရဲ့ ရေပန်းစားမှုက လျော့ကျလာခဲ့တယ်။ချယ်ဆီးပိုင်ရှင်တွေက သူတို့ရဲ့ ပရော်ဂျက်မှာ ယုံကြည်စိတ်ချရတဲ့ နည်းပြတစ်ဦးကိုပဲ တာဝန်ပေးလိုနေပြီး ဘရိုက်တန်မှ ဂရေဟမ်ပေါ်တာကို အနာဂတ် နည်းပြအဖြစ် တာဝန်ပေးဖို့ ကြိုးစားသွားဖွယ်ရှိနေပြီ ဖြစ်ပါတယ်။crd