တိုမိနေးနဲ့ အပြိုင် ပွဲထွက်ခွင့်ရဖို့ကတမျိုး အသင်းဖော်ဟောင်း တိုနီကရူးစ်ကလည်း မင်းမန်ယူပြောင်းတာ ဒါကြောင့် ညာကြောင့်ပြောဆိုတာကမျိုးနဲ့ ခံနေရတဲ့ ကတ်စမဲရိုး

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီကရူးစ်က ဒီနေ့ခေတ် ဘောလုံးသမားတွေဟာ ငွေကြေးအတွက်နဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားနေတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ကရူးစ်ရဲ့ အသင်းဖော်ဟောင်း ကက်စ်မဲရိုးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ ပြီးဆုံးခါနီးမှာ ယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့ပြီး ဒါကို ရည်ရွယ်ပြောဆိုတာဖြစ်နိုင်တယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။




အသက် (၃၀) အရွယ် ကက်စ်မဲရိုးအတွက် ယူနိုက်တက်က ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) ပေးချေခဲ့ပြီး အဆိုပါ ဘရာဇီးကွင်းလယ်လူကလည်း ယူနိုက်တက်ရဲ့ လုပ်ခလစာအများဆုံးရ ကစားသမားတွေထဲက တယောက်ဖြစ်လာခဲ့ပါတယ်။ ကက်စ်မဲရိုးဟာ ဥရောပချန်ပီယံအသင်းတသင်းကနေ ယူရိုပါလိဂ်သာဝင်ခွင့်ရထားတဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့တာက ငွေကြေးကြောင့်ဖြစ်တယ်လို့ ဝေဖန်သုံးသပ်နေကြပါတယ်။




လက်ရှိအချိန်မှာလည်း ကက်စ်မဲရိုးနဲ့ ရီးရဲလ်မက်ဒရစ်မှာ အတွဲမိခဲ့တဲ့ တိုနီကရူးစ်က “ရုပ်သံထုတ်လွှင့်ခတွေက နောက်ပိုင်းနှစ်တွေအတွင်း အင်္ဂလန်မှာ တော်တော်လေး မြင့်မားလာပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်ကလပ်တွေက ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မစွမ်းဆောင်နိုင်သေးပါဘူး။ ဘုရားသခင်ကို ကျေးဇူးတင်ရမှာက ကစားသမားတိုင်းက လစာတခုတည်းကိုပဲ မကြည့်ကြတာပါ”




“သူတို့က ချန်ပီယံဆုတွေ ဆွတ်ခူးဖို့၊ ပိုမိုတိုးတက်ဖို့ဆိုတာကိုလည်း ကြည့်ကြပါသေးတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ကရူးစ်ဟာ ရီးရဲလ်မက်ဒရစ်မှာ လက်ရှိတပတ်လုပ်ခ ပေါင် (၃) သိန်းအထိ ရရှိနေတဲ့ ကစားသမားဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံက ရုပ်သံထုတ်လွှင့်ခက အသင်းတိုင်းအတွက် တော်တော်လေး စွဲမက်ဖွယ်ကောင်းတာလည်း အမှန်ပါ။




ပရီးမီးယားလိဂ်က အလယ်အလတ်တန်းအသင်းတသင်းရဲ့ ရုပ်သံထုတ်လွှင့်ခရရှိတဲ့ဝင်ငွေက အခြားသော လိဂ်က ထိပ်တန်းအသင်းကြီးတွေရဲ့ ရုပ်သံထုတ်လွှင့်ခဝင်ငွေထက် တော်တော်လေးများပြားလေ့ရှိပါတယ်။ အဲ့ဒါကြောင့်လည်း ပရီးမီးယားလိဂ်အသင်းတွေက အပြောင်းအရွှေ့ကာလတွေမှာ ငွေကို ရေလိုသုံးစွဲနိုင်ပြီး ပြီးခဲ့တဲ့ နွေစျေးကွက်မှာလည်း ပရီးမီးယားလိဂ်ကသာ ပြောင်းရွှေ့ကြေးအများဆုံးအသုံးပြုတဲ့လိဂ်ဖြစ်ခဲ့ပါတယ်။




crd