ဆိုစီဒတ်နဲ့ ပွဲစဥ်မှာ ယူနိုက်တတ်တို့ အသုံးပြုလာမယ့် အခင်းအကျင်းနဲ့ ပွဲကြိုသုံးသပ်ချက် ၊ ခန်းမှန်းရလဒ်
|မန်ယူအသင်းဟာ ဒီနေ့ည ၁နာရီခွဲမှာ ယူရိုပါလိဂ်အဖွင့်ပွဲစဥ်အဖြစ် အိုးထရက်ဖို့ဒ်မှာ ဆိုစီဒတ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဆိုစီဒတ်အသင်းတော့ ရာသီသစ်မှာ ၄ပွဲကန်ပြီး ၄ဂိုးသာရထားသလို ၂ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံးထားပါတယ်။ဘာစီလိုနာကိုရှုံးတာဖြစ်ပြီအေတီကိုနဲ့သရေကျထားတာပါ။
ဒါကြောင့်ခြေစွမ်းကိုတော့ လျော့တွက်လို့မရပါဘူး။တိုက်စစ်က တစ်ပွဲတစ်ဂိုးပုံမှန်ရနေပြီး ခံစစ်ကလည်းနည်းနည်းကျစ်လစ်ပါတယ်။ဒါပေမယ့် မန်ယူအသင်းကလက်ရှိအချိန်မှာ ၄ပွဲဆက်အနိုင်နဲ့အတူ စိတ်ဓာတ်ကအမြင့်ဆုံးရောက်ပြီး ဘယ်ပြိုင်ဘက်ကိုမဆိုအနိုင်ယူနိုင်စွမ်းရှိပါတယ်။
ဒီနေ့ညမှာတော့ ၄ပွဲဆက် ပွဲထွက်ကစားသမားဖြစ်ထားတဲ့ ၁၁ယောက်လုံးကိုအနားပေးပြီး အရန်ခုံကစီနီယာကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယား၊လုခ်ရှော ရော်နယ်ဒိုတို့ကိုပွဲထွက်မယ်လို့သိရပါတယ်။ရော်နယ်ဒိုဟာ ဒီရာသီမှာ အရန်ကစားသမားအဖြစ်သာ ပွဲထွက်နေရတာဖြစ်ပြီး သွင်းဂိုးကော ဖန်တီးမှုကော မရသေးပါဘူး။
ဒါပေမယ့် ကစားကွက်မှာတော့အကောင်းဆုံးပုံစံနဲ့ကြိုးစားကစားနေပါတယ်။ပွဲထွက်ကစားသမားဖြစ်ဖို့ ထိုက်တန်နေဆဲလို့သက်သေပြနေပါတယ်။
ဆ်ုစီဒတ်က ခံစစ်မာတဲ့အသင်းဖြစ်သလို မန်ယူကလည်းခံစစ်ကမာနေတာကြောင့် ဂိုးအများကြီးမြင်ရဖွယ်တော့မရှိပါဘူး။မန်ယူအသင်းအနေနဲ့ ၁-၀၊၂-၀လောက်နဲ့ပဲအနိူင်ရသွားဖွယ်ရှိပါတယ်။ဒီပွဲမှာတော့ ရော်နယ်ဒိုရဲ့ပေါက်ကွဲအားတွေကိုမြင်တွေ့ရဖွယ်ရှိပြီး ဆိုစီဒတ်နဲ့တွေ့ရင်ဂိုးမြူးတတ်တဲ့ရော်နယ်ဒိုကြောင့် ရာသီသစ်မှာပထမဆုံးဂိုးရသွားဖွယ်ရှိပါတယ်။
crd