အရင်နည်းပြတွေနဲ့မတူညီတဲ့ တန်ဟက်ရဲ့စတိုင်တွေ​ကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးနေရာတခုကို ရောက်ရှိသွားတဲ့ မန်ယူနဲ့ တိုမီနေး🤔

0
530

အချက်အလက်တွေအရ ယူနိုက်တက်ဟာ လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ပြစ်ဒဏ်ဘောကျူးလွန်မှုအများဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း သိရှိရပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ပွဲစဥ် (၆) အထိ ကစားပြီးချိန်မှာ ယူနိုက်တက်ရဲ့ ပြစ်ဒဏ်ဘောကျူးလွန်မှုက (၇၅) ကြိမ်အထိရှိနေပါပြီ။ ဒီအရေအတွက်ဟာ အခြားသောပရီးမီးယားလိဂ်အသင်းအားလုံးထက် ပိုမိုများပြားနေပါတယ်။




ယူနိုက်တက်ဟာ တန်ဟက်ခ်လက်ထက်မှာ နည်းဗျူဟာ၊ ကစားပုံပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။ ကစားသမားတွေကလည်း တွန့်ဆုတ်နေတာမျိုးမရှိဘဲ အဝင်အထွက်မှန်မှန်ကြမ်းကြမ်းနဲ့ လိုအပ်ရင်လိုအပ်သလို ဗျူဟာကျတဲ့ ပြစ်ဒဏ်ဘော (Tactical Foul) တွေကို ကျူးလွန်လေ့ရှိတာကို ဒီရာသီမှာ မြင်တွေ့လာရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ကွင်းလယ်လူ တွမ်မီနေးဟာ ပြစ်ဒဏ်ဘောကျူးလွန်မှု အကြိမ်ရေအများဆုံး ပရီးမီးယားလိဂ်ကစားသမားဖြစ်နေပါတယ်။




တွမ်မီနေးဟာ ကစားပြီးခဲ့တဲ့ ပွဲစဥ် (၆) ပွဲမှာ ပြစ်ဒဏ်ဘောကျူးလွန်မှု (၁၅) ကြိမ်အထိရှိခဲ့ပြီး ဒါဟာ အက်စတွန်ဗီလာ ကစားသမား ကာမာရာနဲ့ တူညီနေတဲ့ပမာဏလည်းဖြစ်ပါတယ်။ တွမ်မီနေးဟာ အဝါကတ် (၄) ကတ်အထိ ပြသခံထားရပြီး နောက်ပိုင်းမှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ခြေစွမ်းပိုင်းကြောင့် ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ကက်စ်မဲရိုးတောင်မှ အရံခုံမှာသာ ထိုင်နေရပါတယ်။




တွမ်မီနေးဟာ ကွင်းလယ်ခံစစ်တာဝန်ကို ယူထားရတဲ့ ကစားသမားဖြစ်ပြီး ပြိုင်ဘက် တိုက်စစ်ဆင်မှုတွေကို အန္တရာယ်ရှိတဲ့အနေအထားအထိ မရောက်ရှိအောင်၊ အထူးသဖြင့် တန်ပြန်တိုက်စစ်ဒဏ်မခံရအောင် လိုအပ်တဲ့ပြစ်ဒဏ်ဘောတွေကို မကြာခဏ ကျူးလွန်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ နောက်ခံအစွန်လူတွေဖြစ်တဲ့ ဒါလော့၊ မာလာစီယာတို့ကလည်း ပရီးမီးယားလိဂ်မှာ ပြစ်ဒဏ်ဘော (၁၂) ကြိမ်အထိ ကျူးလွန်ထားကြပြီး ပြစ်ဒဏ်ကျူးလွန်မှုအများဆုံး ကစားသမားစာရင်းမှာလည်း ထိပ်ပိုင်းနေရာကို ယူနိုက်တက်ကစားသမားတွေရယူထားကြတာဖြစ်ပါတယ်။




ဒါဟာ နည်းပြဟောင်း ဆိုးလ်ရှား၊ ရန်းနစ်ဂ်တို့လက်ထက်နဲ့ ကွဲပြားခြားနားလာတဲ့ အချက်အလက်မှတ်တမ်းတွေလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ရာသီအဖွင့်နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းမှာ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာခဲ့ပြီး နောက်ဆုံးလေးပွဲဆက်တိုက် နိုင်ပွဲတွေရရှိခဲ့ပါတယ်။




crd