ဘောလုံး ပွဲစဉ်တွေ ရွှေ့ဆိုင်းဖို့ အတည်ပြုချက် ထုတ်ပြန်ပြီးနောက် မဖြစ်သင့်ကြောင်း ရှင်းပြလိုက်တဲ့ ပီယာ့မော်ဂန်နဲ့ ဂယ်ရီနဗီးလ်

အစီအစဉ် တင်ဆက်သူ ပီယာ့ဇ် မော်ဂန် နဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးလ် က ဗြိတိန် ဘုရင်မကြီး အဲလစ်ဇဘတ်– ၂ နာရေးနဲ့ ဈာပန ကိစ္စရပ်ကြောင့် ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဖျက်သိမ်း ရွှေ့ဆိုင်းလိုက်တဲ့ အပေါ် မဖြစ်သင့်ကြောင်း ဆိုလိုက်ပါတယ်။




ပွဲစဉ်တွေ ဖျက်သိမ်းဖို့ မလုပ်မနေရ မဟုတ်ပါဘူး၊ လို့ အစိုးရဘက်က အကြောင်းကြားခဲ့ပေမယ့် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက ဒီနေ့ မနက် အစည်းအဝေးမှာ ဒီအပတ် ပွဲစဥ်‌တွေကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ရာသီက နိုဝင်ဘာ၊ ဒီဇင်ဘာလထဲ ဘောလုံးရာသီဝက် အချိန်ကျမှ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ရှိနေတာကြောင့် ကလပ်အသင်း ပွဲစဉ်တွေ




အရမ်းကို ကြပ်နေပြီး အခုလို ပွဲစဉ် ရွှေ့ဆိုင်းလိုက်တာက ပြန်ကန်ပွဲ စီစဉ်ဖို့လည်း အခက်တွေ့စေနိုင်ပါတယ်။ ပီယာ့ဇ် မော်ဂန် က ပရီးမီးယားလိဂ် ပွဲစဥ်တွေက ပွဲစဉ်ဇယားအတိုင်းပဲ ဆက်ကစားသင့်တယ် လို့ တွစ်တာက တဆင့် မှတ်ချက် ပြုလိုက်ပြီး၊ သူ့ရဲ့ အဆိုကို ဂယ်ရီနဗီးလ် ကလည်း ထောက်ခံသွားခဲ့ပါတယ်။ ကျွန်တော်လည်း ပီးယာ့ဇ်နဲ့ သဘောထားချင်း ထပ်တူပါပဲ၊ ဘုရင်မကြီးနဲ့ ထိုက်တန်တဲ့ လေးစား




အသိအမှတ် ပြုမှုကို အားကစားပွဲတွေထက် ပိုပြီး ပြသနိုင်တဲ့နေရာ မရှိပါဘူး။ လို့ ဂယ်ရီ နဗီးလ်က ဆိုပါတယ်၊ ပွဲစဉ်တွေကို ပုံမှန် အတိုင်း ကစားပြီး ပွဲစဥ်မတိုင်ခင် ဘုရင်မကြီးအတွက် ဝမ်းနည်းပူဆွေးမှုကို တစ်မိနစ် ငြိမ်သက်မှုနဲ့ ပြသနိုင်တယ်လို့ နဗီးလ်က ယူဆနေပြီး၊ ပရီးမီးယားလိဂ် ပွဲစဥ်တွေ နည်းတူ အခြား အဆင့် လိဂ်ပွဲတွေ၊ အမျိုးသမီး ပွဲတွေကိုလည်း ဖျက်သိမ်း ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။




နောက်တစ်ပတ် တနင်္ဂနွေမှာ ဘုရင်မကြီး ဈာပန ပြုလုပ်ဖွယ် ရှိပြီး အဲဒီ သီတင်းပတ်မှာလည်း ပွဲတွေ ဖျက်သိမ်းဦးမလား ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

credit