တန်ဟက်ဂ် နဲ့ ပြသနာ တက်လို့ အသင်းက ထွက်ခွာရတော့မယ့် ကြယ်တစ်ပွင့်နဲ့ ၎င်းရဲ့ နေရာအတွက် အက်သက်လက်တီကို ကြယ်ပွင့်ဆီက သဘောတူညီမှု ရရှိခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်
|တန်ဟက်ဂ်နဲ့ ပြသနာတက်လို့ အသင်းက ထွက်ခွာရမယ့် ကြယ်တစ်ပွင့်နဲ့ ၎င်းရဲ့နေရာအတွက် အက်သက်လက်တီကို ကြယ်ပွင့်ဆီက သဘောတူညီမှု ရရှိခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် အသင်းဟယ အက်သလက်တီကို မက်ဒရစ်ရဲ့ ညာနောက်ခံလူဟောင်း အာရီယက်စ်ကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း စပိန် သတင်းထောက် တချို့က အတည်ပြု ဖော်ပြသွား ကြပါတယ်။ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် နဲ့ အရန် ညာနောက်ခံလူ ဝမ်ဘစ္စကာ တို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ အသင်းရဲ့ လူရွေးချယ်မှုနဲ့ ပတ်သတ်ပြီး စကားများခဲ့ကြတာ ဖြစ်ပါတယ်။
အဆိုပါ ဖြစ်ရပ်ကြောင့်ပဲ နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က သူ့ရဲ့ အသင်းမှာ ဘစ္စကာကို ထပ်မံ မသုံးဖို့ အတွက် ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်၊ ဒါကြောင့်ပဲ ဝမ်ဘစ္စကာ ဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာရဖို့ ကျိန်းသေနေပြီ ဖြစ်ပါတယ်။
လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝမ်ဘစ္စကာရဲ့ နေရာကို အစားဝင်နိုင်မယ့် ညာနောက်ခံလူ တဦးကို အပူတပြင်း ရှာဖွေနေပြီး တဖက်မှာတော့ အသက် ၃၀ အရွယ် ကိုလံဘီယာ လက်ရွေးစင် ညာနောက်ခံလူ အာရီယက်စ်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဂရန်နာဒါဆီ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ အတွက် နီးစပ်ခဲ့ပြီး နောက်မှာ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာကြောင့်
အသင်းလက်မဲ့ ကစားသမား ဖြစ်နေသူ တဦးလည်း ဖြစ်ပါတယ်၊ စပိန်သတင်းထောက် တဦး ဖြစ်သူ Johnson Saenz ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အာရီယက်စ်ကို ၂ နှစ် သက်တမ်းရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားပြီး အာရီယက်စ်ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
ဒါကြောင့် လာမယ့် ရက်အနည်းငယ် အတွင်းမှာပဲ အာရီယက်စ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်မှူးအသစ် ဖြစ်လာဖွယ် ရှိနေပါတယ်။
credit