Mun United 0-1 Real Sociedad ပွဲစဉ်မှာ သူတို့ကို ခက်ခဲစေတဲ့ တစ်ဦးတည်းသော ကြယ်တစ်ပွင့်ကို ထုတ်ပြောလိုက်တဲ့ ဆိုစီဒက် ဘယ်နောက်ခံလူ

Mun United 0-1 Real Sociedad ပွဲစဉ်မှာ သူတို့ကို ခက်ခဲစေတဲ့ တစ်ဦးတည်းသော ကြယ်တစ်ပွင့်ကို ထုတ်ပြောလိုက်တဲ့ ရီးရဲလ် ဆိုစီဒက် ဘယ်နောက်ခံလူ



ယမန်နေ့ ညက အိုးလ်ထရက်ဖိုဒ့် ကွင်းမှာ ကျင်းပခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရီးရဲလ် ဆိုစီဒက် အသင်းတို့ရဲ့ ယူရိုပါလိဂ် အုပ်စု အဖွင့်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ညာတောင်ပံ ကစားသမား အန်တိုနီ တစ်ဦးသာ ယှဥ်ပြိုင် ကစားရတာ ခက်ခဲမှု ရှိခဲ့တယ်လို့ ဆိုစီဒက် ဘယ်နောက်ခံလူ မူနော့ဇ်က ထုတ်ပြန် ပြောဆိုသွားခဲ့ပါတယ်။

အပြောင်းအရွှေ့ နွေစျေးကွက် အတွင်း အိုင်းယတ်စ် ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ယူရို သန်း တစ်ရာနဲ့ ပြောင်းရွှေ့ ရောက်ရှိလာတဲ့ အန်တိုနီဟာ အာဆင်နယ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဥ်မှာ ပွဲဦးထွက် အဖြစ် ပါဝင်ခဲ့ရပြီး ပွဲဦးထွက်သွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။




အာဆင်နယ်နဲ့ ပွဲအပြီးမှာ အန်တိုနီက ရီရဲလ် ဆိုစီဒက်နဲ့ ပွဲစဥ်ကိုပါ ဆက်လက် ပါဝင်ခဲ့ရပြီး ဒီပွဲမှာတော့ အန်တိုနီက သူရဲ့ ပွဲဦးထွက်ကလိုမျိုး အသင်းအတွက် တူညီတဲ့ အကျိုးသက်ရောက်မှုကို မရရှိနိုင်ခဲ့ပါဘူး၊ အဆိုပါ ပွဲစဥ်မှာ အန်တိုနီက ရီးရဲလ် ဆိုစီဒက် အသင်းရဲ့




စပိန် ဘယ်နောက်ခံ ကစားသမား မူနော့ဇ်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး အန်တိုနီလို ကစားသမားမျိုးနဲ့ ယှဥ်ပြိုင် ကစားရတာက ခက်ခဲတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်၊ ဒါပေမယ့် အန်တိုနီက ဒီပွဲစဥ် အတွင်းမှာ တိကျတဲ့ ဖြတ်တင်မှုတွေ မလုပ်ဆောင်နိုင်ခဲ့သလို

Lost possession ၁၃ ကြိမ် အထိ ရှိခဲ့ပြီး အလိမ်အခေါက် ၄ ကြိမ် ပြုလုပ်ရမှာလည်း ၂ ကြိမ်သာ အောင်မြင်ခဲ့ရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီ ပွဲစဥ်မှာ အန်တိုနီလို ဘရာဇီးလ် ကစားသမားသစ် ဖြစ်သူ ကတ်စ်မဲရိုး ကိုပါ ပွဲထွက် ကစားသမား အဖြစ် အသုံးပြုခဲ့ပေမယ့်




ခြေမပေါ်ခဲ့သလို line up ထဲမှာ ပါဝင်လာတဲ့ စူပါ စတား ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်ဒို မှာလည်း ဂိုးရနိုင်လောက်မယ့် အခွင့်အရေး တစ်ကြိမ် လွဲချော်ခဲ့ပြီး ဂိုးကန်သွင်းမှု ၄ ကြိမ် ပြုလုပ်ခဲ့ရာမှာလည်း တစ်ကြိမ်မှ ဂိုးပေါက် မတည့်ခဲ့ပါဘူး။ ဒါ့အပြင် ကွင်းလယ် ကစားသမား ဖရက်ဒ်နဲ့ တောင်ပံ ကစားသမား အီဂန်ဂါ တို့မှာလည်း ပုံမှန်ခြေစွမ်း ရရှိဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။




credit